အင်တာနေရှင်နယ် (သီချင်း)
လက်ဝဲဝါဒီ အမျိုးသားရေး သီချင်း / From Wikipedia, the free encyclopedia
အင်တာနေရှင်နယ် (ပြင်သစ်: "L'Internationale") သည် လက်ဝဲစွန်းရောက် အမျိုးသားရေး သီချင်း ဖြစ်သည်။ ဒုတိယ အင်တာနေရှင်နယ် အဖြစ် သတ်မှတ်ပြီးချိန် ၁၉ရာစုနှစ်နောင်းပိုင်း ဆိုရှယ်လစ် လှုပ်ရှားမှုများ အတွက် အမျိုးသားရေး သီချင် တစ်ပုဒ် ဖြစ်ခဲ့သည်။ ပထမ အင်တာနေရှင်နယ် သီချင်းမှာ ၁၈၆၄ခုနှစ် တွင် ကျင်းပသော ပြင်သစ် အလုပ်သမား ကွန်ဂရက်မှ တစ်ဆင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အင်တာနေရှင်နယ်အား ရေးသားခဲ့ သူမှာ ယင်း ကွန်ဂရက်အား တက်ရောက်သူ တော်လှန်ရေးသမား ယူဂျင်း ပေါ်တီယဲ ဖြစ်သည်။[1][2]
မူရင်း ပြင်သစ် ဗားရှင်းဖြစ်သော "L'Internationale" | |
ဗော်ရှီဗစ်ပါတီ (၁၉၁၂–၉၁) နှင့် ဆိုဗီယက်ယူနီယံ(၁၉၂၂-၄၄)၏ နိုင်ငံတော်သီချင်း | |
အခြားအမည် | L'Internationale (French) |
---|---|
စာသား | ယူဂျင်း ပေါ်တီယဲ, ၁၈၇၁ ခုနှစ် |
ဂီတ | ဖြဲဒီဂေးတာ, ၁၈၈၈ ခုနှစ် |
အတည်ပြုခြင်း | ၁၈၉၀ ခုနှစ် |
အသံနမူနာ | |
"အင်တာနေရှင်နယ်" (တေးဂီတ) | |
သီချင်း၏ မူရင်း ပြင်သစ်အမည်မှာ C'est la lutte finale / Groupons-nous et demain / L'Internationale / Sera le genre humain ဖြစ်ပြီး အင်္ဂလိပ် လိုအားဖြင့် "This is the final struggle / Let us group together and tomorrow / The Internationale / Will be the human race." အဓိပ္ပာယ် သက်ရောက်သည်။ အင်တာနေရှင်နယ် သီချင်းအား ဘာသာစကားပေါင်း များစွာသို့ ပြန်ဆိုထားသည်။အင်တာနေရှင်နယ် သီချင်းအား မင်းမဲ့စရိုက် ၊ ကွန်မြူနစ်များ ၊ ဆိုရှယ်လစ်များ ၊ ဒီမိုကရေစီဆိုရှယ်လစ် များနှင့် ဆိုရှယ်ဒီမိုကရက် လှုပ်ရှားမှုများတွင် အသုံးပြုကြသည်။[3][4]
၁၉၄၄ ခုနှစ် မတ်လ ၁၅ရက်နေ့ မတိုင်ခင် အထိ ဆိုဗီယက် ပြည်ထောင်စု ၏ အမျိုးသား နိုင်ငံတော် သီချင်းဖြစ်ခဲ့သည်။ထို့ပြင် ယင်းမတိုင်မီက၎င်းကို တရုတ်ဆိုဗီယက်သမ္မတနိုင်ငံ ၊ Bavarian ဆိုဗီယက်သမ္မတနိုင်ငံ ၊ စလိုဗက်ဆိုဗီယက်သမ္မတနိုင်ငံ နှင့် ဟန်ဂေရီဆိုဗီယက်သမ္မတနိုင်ငံတို့ကနိုင်ငံတော်သီချင်းအဖြစ်အသုံးပြု ခဲ့သည်။