အစ္စလာမ်မစ် အကြံပေးလွှတ်တော်
From Wikipedia, the free encyclopedia
အစ္စလာမ်မစ် အကြံပေးလွှတ်တော်သည် အီရန် နိုင်ငံအခြေခံဥပဒေစည်းမျဉ်းများ အတည်ပြုရေးဆွဲရာတွင်အဓိကဖြစ် သည်။ လွှတ်တော်ကိုယ်စားလှယ်များကိုလည်းမဲဆန္ဒအလိုက်ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်သည်။ အီရန် လွှတ်တော်၏ သတ်မှတ်ချက်များနှင့်အညီ မဂျလစ်စေမိုကဒ်ဒပ်္စ = မွန်မြတ်သည့်အစည်းအရုံး အနေဖြင့် အစ္စ လာမ်မစ် အမျိုးသားလွှတ်တော် ၊ အစ္စလာမ်မစ်ပြည်သူ့လွှတ်တော်ဟူ၍လည်းခေါ်တွင်သည်။ အခြေခံစည်းမျဉ်း နှင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတော်ဥပဒေအရ ယခင်ကအမည်မှာ အမျိုးသားလွှတ်တော် ဖြစ်ပြီး ၁၃၅၉ သီးရ် လ ၃၁ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက၎င်းအဖွဲ့အစည်းကို အစ္စလာမ်မစ်လွှတ်တော် ဟုူ၍ အမည်တပ်ခေါ်ဆိုခဲ့သည်။[1]
အစ္စလာမ်မစ် လွှတ်တော်၏အဆိုပြုတင်သွင်းချက်များကို စောင့်ကြပ်ရေးအဖွဲ့၏အတည်ပြုချက်ရရှိပါကတရား ရေး နှင့်အကောင်ထည်ဖော်ဆောင်ရွက်ရေးဌါနများသို့ တရားဝင်ကြေညာပေးသည်။[2] အချို့သောအရေးကြီးကဏ္ဍ များဖြစ်သည့် စီးပွားရေး ၊ နိုင်ငံရေး ၊ လူမှုရေး နှင့်ယဉ်ကျေးမှု ကိစ္စရပ်များ၌ ဥပဒေအတည်ပြုသတ်မှတ်ရန်အ တွက် ရှု့ထောင့်စုံမှစစ်ဆေးခြင်း လူထုထံမှတိုက်ရိုက်မဲဆန္ဒခံယူခြင်း တို့ဖြင့်ဆောင်ရွက်သည် ၊ ထိုသို့ဆန္ဒမဲခံယူ ရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏အဆိုပြုချက်အပေါ် ထောက်ခံမဲသည်သုံးပုံနှစ်ပုံရှိရမည်ဖြစ်သည် [3] အစ္စလာမ်မစ်လွှတ်တော်သည် မည်သည့်အဖွဲ့အစည်းများနှင့်မှမသက်ဆိုင်ဘဲသီးခြားရပ်တည်လျက် ရှိပြီးလွှတ် တော်၏ဆုံးဖြတ်ချက် လုပ်ဆောင်ချက်များနှင့်စပ်လျှဉ်းပြီး အပြင်မှအခြားမည်သည့်အဖွဲ့အစည်းကမှဝင်ရောက် စွက်ဖက်ပိုင်ခွင့်မရှိပါ။ လက်ရှိတွင်လည်း အစ္စလာမ်မစ် လွှတ်တော်သည် လွှတ်တော်ဥက္ကဋ္ဌ အပါအဝင်စုစုပေါင်းအယောက် ၂၉၀ ရှိ သည် ၊ အလီအာရ်ရှီးရ်လာရ်ယေဂျာနီ သည်လွှတ်တော်ဥက္ကဋ္ဌဖြစ်သည်။.