အဇာဘိုင်ဂျန်နိုင်ငံ
From Wikipedia, the free encyclopedia
အဇာဘိုင်ဂျန်နိုင်ငံ၏ တရားဝင်အမည်မှာ အဇာဘိုင်ဂျန်သမ္မတနိုင်ငံဖြစ်သည်။ ယူရေးရှားဒေသတွင် အကြီးဆုံးတိုင်းပြည်ဖြစ်သည်။ အရှေ့ဥရောပ နှင့် အနောက်တောင်အာရှကြား တွင် တည်ရှိသည်။[9] အရှေ့ဘက်တွင် ကက်စပီယန်ပင်လယ်၊ မြောက်ဘက်တွင် ရုရှားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် ဂျော်ဂျီယာနိုင်ငံ၊ အနောက်ဘက်တွင် အာမေးနီးယားနိုင်ငံ၊ တောင်ဘက်တွင် အီရန်နိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။
အဇာဘိုင်ဂျန် သမ္မတနိုင်ငံ | |
---|---|
နိုင်ငံတော် သီချင်း:
| |
အဇာဘိုင်ဂျန်တည်နေရာကို အစိမ်းရောင်ဖြင့် ဖော်ပြထားပြီး မိမိဘာသာနိုင်ငံကြေညာထားသော အာဆက်သမ္မတနိုင်ငံထိန်းချုပ်ထားသောနယ်မြေအား အစိမ်းဖျော့ရောင်ဖြင့် ဖော်ပြထားသည်။[lower-alpha 1] | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘာကူးမြို့ 40°23′43″N 49°52′56″E |
ရုံးသုံး ဘာသာစကားများ | အဇာဘိုင်ဂျန် ဘာသာစကား[1] |
လူနည်းစုဘာသာစကားများ | စာရင်းအပြည့်အစုံကို ကြည့်ရှုရန် |
လူမျိုးစု (၂၀၀၉[2]) |
|
ကိုးကွယ်မှု |
|
Demonym | |
အစိုးရ | ပြည်ထောင်စု သမ္မတတပိုင်း သမ္မတစနစ်[4] |
• သမ္မတ | အီဟန် အာလီယဲ့ဗ် |
• ဒုတိယသမ္မတ | မီဟီဘန် အာလီယဲ့ဗာ |
• ဝန်ကြီးချုပ် | အာလီ အာဆာဒေါ့ဗ် |
• အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | ဆာဟီဘာ ဂါဖာရိုဗာ |
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
တည်ထောင်ခြင်း | |
• ဒီမိုကရက်တစ် သမ္မတနိုင်ငံ | ၁၉၁၈ ခုနှစ် မေ ၂၈ ရက် |
• ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံ | ၁၉၂၀ ခုနှစ် ဧပြီလ ၂၈ ရက် |
• ဆိုဗီယက်ယူနီယံမှ လွတ်လပ်ရေးရရှိခြင်း |
|
• CIS၏ တင်းပြည့်အဖွဲ့ဝင် | ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် |
၁၉၉၂ ခုနှစ် မတ် ၂ | |
• ဖွဲ့စည်းပုံ | ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၈၆,၆၀၀ km2 (၃၃,၄၀၀ sq mi) (အဆင့်: 112th) |
• ရေထု (%) | ၁.၆ |
လူဦးရေ | |
• ၂၀၁၉ ခန့်မှန်း | ၁၀,၁၂၇,၈၇၄[5] (အဆင့် - ၉၁) |
• သိပ်သည်းမှု | ၁၁၅/km2 (၂၉၇.၈/sq mi) (အဆင့် - ၉၉) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၁၈၉.၀၅၀ ဘီလီယံ[6] |
• Per capita | $၁၈,၇၉၃[6] |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၄၅.၂၈၄ ဘီလီယံ[6] |
• Per capita | $၄,၄၉၈[6] |
Gini (၂၀၀၅) | ၂၆.၆[7] နိမ့် |
HDI (၂၀၁၉) | ၀.၇၅၅၆[8] မြင့် · ၈၈ |
ငွေကြေး | မာနက် (₼) (AZN) |
အချိန်ဇုန် | AZT (UTC+4) |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၉၉၄ |
Internet TLD | .az |
နက်ချီဗန် (Nakhchivan) ဒေသကို မြောက်ဘက်နှင့်အရှေ့ဘက်တွင် အာမေးနီးယား၊ တောင်ဘက်နှင့် အနောက်ဘက်တွင် အီရန် တို့ကဝန်းရံလျက် ရှိသည်။ ကာကီ (Karki)၊ Yuxarı Əskipara, Barxudarlı နှင့် Sofulu ဒေသများကို အာမေးနီးယားနိုင်ငံက ဝန်းရံလျက် ရှိပြီး နာဂိုမို-ကရာဘက်စစ်ပွဲကာလမှစ၍ အာမေးနီးယားနိုင်ငံက ထိန်းချုပ်ထားသည်။ အာမေးနီးယားလူမျိုး အများစုနေထိုင်ရာဒေသဖြစ်သော နာဂိုမို-ကရာဘက်ဒေသသည် အဇာဘိုင်ဂျန်လက်အောက်မှ လွတ်မြောက်ကြောင်း ၁၉၉၁ တွင် လွတ်လပ်ရေးကြေညာခဲ့သည်။ သို့ရာတွင် မည်သည့်နိုင်ငံကမျှအသိအမှတ်မပြုပဲ ယခုထက်တိုင် အဇာဘိုင်ဂျန်နိုင်ငံ၏ ဒေသတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားကြဆဲဖြစ်သည်။ ထိုဒေသတွင် အာမေးနီးယားစစ်တပ်က သိမ်းပိုက်ထားလျက် ရှိသည်။[10][11][12][13]
အဇာဘိုင်ဂျန်သည် မူဆလင်ကမ္ဘာတွင် ပထမဦးဆုံး အောင်မြင်စွာဖြင့် ဒီမိုကရေစီ သမ္မတနိုင်ငံစနစ်ကို စတင်တည်ထောင်နိုင်ခဲ့သော နိုင်ငံဖြစ်သည်။[14][15] တာ့ကစ် (Turkic) လူမျိုး ရှီယာမူဆလင်များ အများစုနေထိုင်ရာ အဇာဘိုင်ဂျန်သည် သမိုင်းယဉ်ကျေးမှုအမွေအနှစ်များလည်း များစွာရှိသည်။[16][17][18] ကမ္ဘာ့နိုင်ငံပေါင်း (၁၅၈)ခုနှင့် သံသမန်အဆက်အသွယ်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းပေါင်း (၃၈)ခုတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။[19] အဇာဘိုင်ဂျန်သည် GUAM (Organization for Democracy and Economic Development) အဖွဲ့နှင့် Organisation for the Prohibition of Chemical Weapons အဖွဲ့တို့၏ စတင်တည်ထောင်သော နိုင်ငံများထဲတွင် တစ်ခုဖြစ်သည်။ ၁၉၉၃၊ စက်တင်ဘာလတွင် လွတ်လပ်သောနိုင်ငံများဓနသဟာယအဖွဲ့ (Commonwealth of Independent States) တွင် အဖွဲ့ဝင်ဖြစ်လာသည်။[20] ၂၀၀၆ခုနှစ်၊ မေလ (၉)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေညီလာခံ မှ အဇာဘိုင်ဂျန်အား လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့သည်။ ၂၀၀၆ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် စတင်တာဝန်ထမ်းသည်။[21] ဥရောပကော်မရှင် (European Commission) ၏ အထူးသံသမန်သည် အဇာဘိုင်ဂျန်တွင် ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization for Security and Co-operation in Europe၊ ဥရောပကောင်စီ (Council of Europe) နှင့် နေတိုးငြိမ်းချမ်းရေးသဟာယ (NATO Partnership for Peace (PfP) တို့၏ အဖွဲ့ဝင်လည်းဖြစ်သည်။ အဇာဘိုင်ဂျန်သည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) နှင့် အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့ (International Telecommunication Union) တို၏ လေ့လာသူနိုင်ငံလည်းဖြစ်သည်။[19]