အတ္တလန်တစ်မြို့တော်
From Wikipedia, the free encyclopedia
အတ္တလန်တစ်မြို့တော် (in Greek, Ἀτλαντὶς νῆσος, "island of Atlas") သည် ၃၆၀ ဘီစီ အတွင်းပြောကြားခဲ့သော ပလေတို၏ စကားများဖြစ်သော တင်မေရပ်စ် နှင့် ကရီတီရပ်စ်တို့မှ ဒဏ္ဏာရီဝင် ကျွန်းတစ်ခုဖြစ်သည်။ ပလေတို၏ ပြောကြားချက်အရ အတ္တလန်တစ်မြို့တော်သည် ဆော်လမွန်ခေတ် လွန်ခဲ့သော နှစ် ၉၀၀၀ ခန့်က အတိအကျအားဖြင့် ၉၆၀၀ဘီစီတွင် ဥရောပအနောက်ဘက်အခြမ်းနှင့် အာဖရိကအနောက်ဘက် အခြမ်း ဟာကျူလီ ထောက်တံ (Pillar of Harcules) ၏ အရှေ့တွင် တည်ရှိခဲ့သည်။ အေသင်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းမှု ကျဆုံးပြီးချိန်တွင် အတ္တလန်တစ်မြို့တော်သည် ‘‘ကံကြမ္ဘာဆိုး၏ နေ့နှင့်ည’’ ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
ပညာရှင်များသည် ပလေတို၏ ပုံပြင်ကို ရှေးဟောင်း ရိုးရာများတွင် အဓိကပါဝင်နေမှုကို လက်မခံပေ။ ကရီတီရပ်စ်ထဲတွင် ပလေတိုသည် ရှေးဟောင်း အေသင်လူမျိုးများနှင့် အတ္တလန်တစ်မြို့တော်သားတို့သည် အေသင်လူမျိုး ထိပ်တန်း ဥပဒေရေးဆွဲသူ ဆိုလွန် အီဂျစ်သို့ ခရီးထွက်လာရောက်ခြင်းကို တားမြစ်ခဲ့သည် ဟုပြောကြားခဲ့သည်။ အီဂျစ်တွင် ဆိုလွန်သည် အေသင်မြို့နှင့် အတ္တလန်တစ်မြို့တော်တို့၏ သမိုင်းကို ဂရိဘာသာသို့ ဘာသာပြန်ခဲ့သော ဆိုင်းရပ်စ်မြို့၏ ဖာသာနှင့် တွေ့ရှိခဲ့သည်။
ဒဏ္ဍာရီဝင် အတ္တလန်တစ်မြို့တော်ရှိခဲ့သည်ဟု ဖြစ်နိုင်ခြေကို ဆွေးနွေးမှုများစွာပြုလုပ်ခဲ့သော်လည်း များသောအားဖြင့် နောက်ပိုင်း စာရေးဆရာများက လက်မခံခဲ့ပေ။ အလန်ကမ်မရွန်က ‘‘အရင်တုန်းကလူတွေကသာ အတ္တလန်တစ်မြို့တော် အကြောင်းကို အလေးထားကြတာပါ။ ခုနောက်ပိုင်းတော့ ဘယ်သူမှ သိပ်အလေးမထားတော့ဘူး’’ဟု ရေးသားခဲ့သည်။