အန်ထော်နီ လဗွိုင်စီယာ
ပြင်သစ်လူမျိုးဓာတုဗေဒပညာရှင် / From Wikipedia, the free encyclopedia
ပြင်သစ်သိပ္ပံပညာရှင် အန်ထော်နီလောရင့် ဒီ လဗွိုင်စီယာ(အင်္ဂလိပ်: Antoine De Lavoisier )သည် ခေတ်သစ်ဓာတုဗေဒ၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံရသူဖြစ်သည်။
Antoine-Laurent de Lavoisier | |
---|---|
Portrait of Antoine-Laurent Lavoisier and his Wife by Jacques-Louis David | |
မွေးဖွား | (1743-08-26)၂၆ ဩဂုတ်၊ ၁၇၄၃ ပဲရစ်မြို့၊ ပြင်သစ် |
ဆုံးပါး | ၈ မေ၊ ၁၇၉၄(1794-05-08) (အသက် ၅၀) Paris, France Execution by guillotine |
ခေါင်းချရာ | Catacombs of Paris |
နယ်ပယ် | Biologist, chemist |
မိခင်ကျောင်း | Collège des Quatre-Nations, University of Paris |
တပည့်ကျော်များ | Éleuthère Irénée du Pont |
ကျော်ကြားမှုအရင်းခံ |
|
သူ့အပေါ် ဩဇာလွှမ်းမိုးသူများ | Guillaume-François Rouelle, Étienne Condillac |
အိမ်ထောင်ဘက် | Marie-Anne Paulze Lavoisier (လက်ထပ် 1771) |
လက်မှတ် |
၁၇၄၃ ခုနှစ်တွင် ပါရီ၌ ၎င်းကို မွေးဖွားလာချိန်က ဓာတုဗေဒသိပ္ပံမှာ ရူပဗေဒ၊ သင်္ချာ၊ နက္ခဗေဒ ပညာရပ်များထက် များစွာအလှမ်းဝေးကျန်ရစ်ခဲ့သည်ကို တွေ့ရလေသည်။ ဓာတုဗေဒပညာရပ်မှာ စုစုစည်းစည်းမရှိသေး။ ပညာရှင်များက တစ်စစီ ရှာဖွေထားကြသည့် အဆင့်သာရှိသေးသည်။ ၎င်းသည် ဓာတုဗေဒနှင့် ဇီဝဗေဒပညာသမိုင်းတွင်ထင်ရှားသည့်ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။
ခေတ်သစ် ဓာတုဗေဒဖခင်ကြီးဟူ၍ အမည်တွင်ခဲ့သူ သိပ္ပံပါရဂူကြီး လဗွာစီယေကို ၁၇၄၃ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပါရစ်မြို့တော် ၌ ဖွားမြင်ခဲ့၏။ သူ၏ဖခင်မှာ ရှေ့နေတစ်ဦး ဖြစ်လေသည်၊ လဗွာစီယေသည် ဖခင်၏ ခြေရာအတိုင်း ဥပဒေပညာကို သင်ကြားခဲ့သော်လည်း သိပ္ပံပညာတွင်သာ ဝါသနာထုံခဲ့၏။ ပထမဆုံးသူ၏ အမည်သည် ၁၇၆၆ ခုနှစ်၌ ပါရစ်မြို့တော်ကို မီးထွန်းညှိရန် အကောင်းဆုံးသော နည်းလမ်းအကြောင်း ရေးသားရသော စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခဲ့ရာမှ စတင်၍ ထင်ပေါ် လာခဲ့လေသည်။
လဗွာစီယေသည် ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ နက္ခတ္တဗေဒ ပညာရပ်များကို အလွန်နှစ်သက်သဖြင့် အထူး လေ့လာခဲ့သည့်ပြင် အခြားသော ပညာရပ်များကိုလည်း အလွတ်မပေးဘဲ လေ့လာခဲ့ပေသည်။ လဗွာစီယေသည် ပညာရပ်တိုင်းတွင် လေ့လာလိုက်စားသောကြောင့် ဘာသာရပ်တစ်ခုခုနှင့် စပ်ဆိုင်သောသိမှုတွေ့မှု ဟူ၍ကား အကြီးအကျယ် မရှိခဲ့သော်လည်း သူကြိုးပမ်းရှာဖွေ တွေ့ရှိခဲ့သည့်အချက်အလက်များ အားလုံးကို ပေါင်းစည်းလိုက်ခြင်ဖြင့် ရူပဗေဒနှင့်ဓာတုဗေဒပညာအတွက် အရေးကြီးလှသော အခြေခံအချက်ကြီးများ ဖြစ်ပေါ်လာသည်ကို တွေ့ရပေသည်။
ရှေးခေတ်များက ယူဆခဲ့ကြသည့် ဖလော်ဂျစ်စတန်ခေါ် မီးဓာတ်အယူကို ဖျက်ဆီးပစ်ခဲ့၍ အရာဝတ္ထုများ မီးလောင်ကျွမ်းရာ၌ မီးလောင်ခြင်းကို တွေ့ရှိလျက် ထိုအငွေ့အား အောက်ဆီဂျင်ဟု အမည်ပေးခဲ့သူမှာ လဗွာစီယေပင် ဖြစ်သည်။ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ ပေါင်းစပ်ခြင်းဖြင့် ရေဖြစ်ကြောင်းကိုလည်း လဗွာစီယေပင် တွေ့ရှိခဲ့၍ ဒြဗ်တည်မြဲမှု သဘောကိုလည်း ပြသခဲ့သေးသည်၊ သူသည် အခြားသောအဖော် သိပ္ပံပညာရှင်များကို အမည်ပေးခြင်း စံနစ်သစ်ကို ကြံစည်ပြုလုပ်ခဲ့၍ ဒြဗ်စင်စာရင်းကိုလည်း ပြုလုပ်ခဲ့သည်။ သူ၏ စုံစမ်းရှာဖွေတွေ့ရှိမှုတို့သည် အလွန်စေ့စပ်သေချာ၍ ခေတ်သစ် ဓာတုဗေဒ အခြေခံအချက်ကြီးများ ဖြစ်ခြင်းကြောင့် သူ့အား ခေတ်သစ် ဓာတုဗေဒ၏ဖခင်ကြီးဟု ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်လေသည်။
လဗွာစီယေသည် ဓာတုဗေဒ၌သာမက ရူပဗေဒတွင်လည်း အတော်နှံ့စပ်ခဲ့သူ ဖြစ်သည်။ အပူအကြောင်းနှင့် စပ်လျဉ်းသော သူ၏တွေ့ရှိချက်များသည် အလွန်အရေးကြီးသော အချက်များ ဖြစ်ပေသည်၊သူသည် ၁၇၈၉ခုနှစ်တွင် ဓာတုဗေဒ ဒြဗ်စင်များ အကြောင်း စာအုပ်ကို ထုတ်ဝေခဲ့၍ သူကွယ်လွန်ပြီးနောက် ၁၈ဝ၅ ခုနှစ် တွင် သူ၏ဇနီးသည်က သူ၏ဓာတုဗေဒပညာ မှတ်တမ်းစာအုပ်ကို ထုတ်ဝေခဲ့လေသည်။
ဤခေတ်သစ် ဓာတုဗေဒ ဖခင်ကြီး၏ ဘဝဇာတ်လမ်းမှာ ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရလေသည်။ ထိုအချိန်က ပြင်သစ်နိုင်ငံ၌ တိုင်းသူပြည်သားတို့အား အခွန်အမျိုးမျိုး ကောက်ခံကာ နှိပ်စက်နေခဲ့သော အခါမျိုးဖြစ်၍ အခွန်ကောက်ခံသူတို့မှာ အလွန် နာမည်ဆိုးရွားခဲ့လေသည်။ လဗွာစီယေသည် သူ၏ သိပ္ပံလုပ်ငန်းများအတွက် ငွေအမြောက်အမြား အလိုရှိနေသောကြောင့် ထိုအလုပ်မျိုးကို ဝင်ရောက်လုပ်ကိုင်ခဲ့ရလေသည်။ ပြင်သစ်နိုင်ငံ တော်လှန်ရေးကြီး ပေါက်ကွဲလာသောအခါတွင် သူ့အား အောင်ပွဲခံ တော်လှန်ရေးသမားများက ပြည်သူ့သမ္မတနိုင်ငံတော်တွင် သိပ္ပံပညာရှင်များကို အလိုမရှိအပ် ဆိုကာ ၁၇၉၄ ခုနှစ် မေလတွင် ခေါင်းဖြတ်၍ သတ်စေ ခဲ့လေသည်။[1]