အယ်လစ်ဂေတာ မိကျောင်း
From Wikipedia, the free encyclopedia
အယ်လစ်ဂေတာ မိကျောင်း သည် ခရက်ကိုဒေလိီယာ (Crocodilia) မျိုးစဉ်တွင် ပါဝင်သော မျိုးစုတစ်ခုဖြစ်သည်။ ရှင်သန်ဆဲ မျိုးစိတ် နှစ်မျိုးရှိပြီး ၎င်းတို့မှာ- အမေရိကန် အယ်လစ်ဂေတာ မိကျောင်းနှင့် သေးငယ်သော တရုတ် အယ်လစ်ဂေတာ မိကျောင်းတို့ဖြစ်သည်။ ၎င်းတို့နှင့်အတူ ကေမန် မိကျောင်းများ၊ ဂင်္ဂါမိကျောင်းနှင့် မိကျောင်းကြီးတို့ကို စုစည်း၍ Crocodilia မျိုးစဉ်အဖြစ် ဖွဲ့စည်းသတ်မှတ်ထားခြင်းဖြစ်သည်။
အချက်တိုများ မျိုးရိုးခွဲခြားခြင်း, အမျိုးအစား မျိုးစိတ် ...
အယ်လစ်ဂေတာ မိကျောင်း | |
---|---|
အမေရိကန်အယ်လစ်ဂေတာ မိကျောင်း (အပေါ်) နှင့် တရုတ်အယ်လစ်ဂေတာ မိကျောင်း | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Reptilia |
မျိုးစဉ်: | Crocodilia |
မျိုးရင်း: | Alligatoridae |
မျိုးရင်းသေး: | Alligatorinae |
မျိုးစု: | Alligator Cuvier, 1807 |
အမျိုးအစား မျိုးစိတ် | |
Alligator mississippiensis Daudin, 1802 | |
မျိုးစိတ်များ | |
ပိတ်ရန်
ပထမဆုံးသော အယ်လစ်ဂေတာ မိကျောင်းများသည် လွန်ခဲ့သောနှစ်ပေါင်း ၃၇ သန်းခန့်က စတင်တည်ရှိခဲ့ကြသည်။[1] သို့သော်လည်း ပိုမိုရှေးကျသော မိကျောင်းမျိုးစိတ်များမှာမူ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။