အလန်ကွာတာမိန်း
စိတ်ကူးယဉ်ဝတ္ထုမှ ဇာတ်ကောင် / From Wikipedia, the free encyclopedia
အလန်ကွာတာမိန်းသည် စာရေးဆရာကြီး ဆာဟင်နရီရိုက်ဒါဟက်ဂက်(Sir H.Ridder Haggard) ၏ ဆော်လမုန်သိုက် ဝတ္တုမှ စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်သည်။ အကြိမ်ကြိမ်ပြန်လည်ထုတ်ဝေရသော အလန်ကွာတာမိန်းပါဝင်သည့် ဇာတ်လမ်းတွဲများကို ဆရာကြီးသည်ဖန်တီးခဲ့သည်။ ဆရာကြီးရေးခဲ့သော အလန်ကွာတာမိန်းပါဝင်သည့်ဇာတ်လမ်းတွဲများအပြင် အခြားဇာတ်လမ်းများအား မြန်မာစာရေးဆရာကြီးများဖြစ်သည့် ဆရာကြီး ရွှေဥဒေါင်း နှင့် ဆရာကြီး ဒဂုန်ရွှေမျှားတို့ကအများဆုံးဘာသာပြန်ပေးခဲ့သည်။