အိမ်ပြာတော်
တောင်ကိုရီယား သမ္မတအိမ်တော်ဟောင်း / From Wikipedia, the free encyclopedia
အိမ်ပြာတော် (အင်္ဂလိပ်: Blue House; ကိုရီးယား: 청와대; Hanja: 靑瓦臺; ချောင်ဝဒယ်) သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ ရုံးစိုက်ရာနှင့် အိမ်တော်အဖြစ် အသုံးပြုခဲ့သော နေရာဖြစ်သည်။ မြို့တော် ဆိုးလ်မြို့ တွင် တည်ရှိသည်။ အမှန်တွင် ကိုရီးယားအခေါ် ချောင်ဝဒယ်ဟုခေါ်သော အိမ်ပြာတော်သည် ကိုရီးယားရိုးရာ ဗိသုကာများဖြင့် အဓိက တည်ဆောက်ထားသော အဆောက်အဦ အစုအဝေးကြီးဖြစ်သည်။ အိမ်ပြာတော်သည် အာရှတိုက်၌ လုံခြုံရေးကာကွယ်မှု အတင်းကြပ်ဆုံးသော သမ္မတအိမ်တော်များအနက် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။
အိမ်ပြာတော် Blue House | |
---|---|
청와대 靑瓦臺 Cheong Wa Dae | |
၂၀၁၀ပြည့်နှစ်တွင်တွေ့ရစဉ် | |
ယခင်အမည်များ | ဂျောင်မုဒယ် (၁၉၄၈ - ၁၉၆၀) |
အခြားအမည်များ | ချောင်ဝဒယ် |
အထွေထွေ အချက်အလက်များ | |
ဗိသုကာစတိုင် | ကိုရီးယား ရိုးရာဗိသုကာ |
လိပ်စာ | 1 Cheongwadae-ro, Jongno-gu |
မြို့ | ဆိုးလ်မြို့ |
နိုင်ငံ | ကိုရီးယားသမ္မတနိုင်ငံ |
ကိုဩဒိနိတ် | 37.5867°N 126.9763°E / 37.5867; 126.9763 |
ပန္နက်ရိုက် | ၂၂ မတ် ၁၉၃၇ (၁၉၃၇-၀၃-၂၂) |
Topped-out | ၂၀ စက်တင်ဘာ ၁၉၃၉ (၁၉၃၉-၀၉-၂၀) |
ဖွင့်လှစ် | ၁၉၄၈ (၁၉၄၈) (သမ္မတအိမ်တော်) ၉ မေ ၂၀၂၂ (၂၀၂၂-၀၅-၀၉) (ပန်းခြံ) |
ပြန်လည်မွမ်းမံ | ၂၂ ဇူလိုင် ၁၉၈၉ (၁၉၈၉-၀၇-၂၂) – ၄ စက်တင်ဘာ ၁၉၉၁ (၁၉၉၁-၀၉-၀၄) |
ပိတ်သိမ်း | ၉ မေ ၂၀၂၂ (၂၀၂၂-၀၅-၀၉) (သမ္မတအိမ်တော်အဖြစ်မှ) |
၂၀၂၂ခုနှစ် မတ်လတွင် ရွေးကောက်ပွဲ အနိုင်ရလာသော သမ္မတလောင်း ယွန်းဆော့ယော သည် ၎င်းအနေဖြင့် ပြည်သူများနှင့် အလှမ်းဝေးသော အိမ်ပြာတော်တွင် ရုံးမထိုင်ပဲ ပြည်သူများနှင့် နီးစပ်သော အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန တည်ရှိရာ အဆောက်အဦတွင် ရုံးထိုင်မည်ဟု ပြောကြားခဲ့သည်။ ၂၀၂၂ခုနှစ် မေလ (၁၀) ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အိမ်ပြာတော်အား အများပြည်သူ လေ့လာနိုင်မည့် ဥယျာဉ်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ဤသို့ဖြင့် ခေတ်အဆက်ဆက် သမ္မတများ ရုံးစိုက်ရာ အိမ်ပြာတော်သည် ပန်းခြံတစ်ခုအသွင် ပြောင်းလဲခဲ့သည်။
အိမ်ပြာတော်တွင် ဘွန်ဂွမ်ဆိုသော အဓိကဟောခန်းမ၊ သမ္မတအိမ်တော်၊ နိုင်ငံတော်အဆင့် ဧည့်ခန်းမအိမ်တော် (ရော်ဘင်ဂွမ်)၊ စာနယ်ဇင်းခန်းမ (ချွန်ချူခွမ်) နှင့် အတွင်းဝန်ရုံးများ ပါဝင်သည်။ ခြံဝန်းတစ်ခုလုံး ၂၅၀,၀၀၀စတုရန်းမီတာ (၆၂ဧက) ကျယ်သည်။