အောတိမ်တိုက်
ဆိုလာစနစ်၏အစွန်းအဖျားရှိဂြိုလ်များမှသီအိုရီအရတိမ်တိုက်ဖြစ်သည် / From Wikipedia, the free encyclopedia
အော တိမ်တိုက် (/ˈɔːrt/ သို့မဟုတ် အိုပိုက်-အော တိမ်တိုက် ဆိုသည်မှာ ဒတ်ချ်လူမျိုး နက္ခတ္တပညာရှင် ဂျန် အောနှင့် အက်စ်တိုးနီးယား နက္ခတ္တပညာရှင် အမ်းနက် အိုပိ တို့၏ နေမင်းအား အလင်းနှစ် (၂) နှစ်အကွာအဝေးမှ ဝိုင်းရံထားသော သီအိုရီဆိုင်ရာ တိမ်တိုက်မှ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ယင်းနေရာသည် နေမင်းနှင့် အနီးဆုံးကြယ်ဖြစ်သော ပရိုဆီမာ စင်တောရိနှင့် ထက်ဝက်အကွာအဝေးမှာ တည်ရှိသည်။ နေမှ ကျူးပါး ခါးပတ်သို့အကွာအဝေးသည် နေမှ အောတိမ်တိုက်အကွာအဝေးနှင့် နှိုင်းယှဉ်လိုက်ပါက တစ်ထောင်ပုံတစ်ပုံမျှသာ ရှိသည်။ အောတိမ်တိုက်၏ အပြင်ဘက်ကိုတော့ နေ၏ ဒြပ်ဆွဲအား လွှမ်းမိုးရာ နေစကြဝဠာ၏ နယ်နမိတ်ဟု သတ်မှတ်သည်။
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
အောတိမ်တိုက်ကို နယ်မြေနှစ်ခုနဲ့ ဖွဲ့စည်းထားသည်။ စက်လုံးပုံ အောတိမ်တိုက်အပြင်ဘက်နှင့် ချပ်ပြားပုံ အောတိမ်တိုက်အတွင်းဘက် သို့မဟုတ် ဟေးလ် တိမ်တိုက်တို့ ဖြစ်သည်။ အောတိမ်တိုက်တွင် ပါဝင်သည့် အရာဝတ္ထုများမှာ ရေကဲ့သို့ ရေခဲများ အမိုးနီးယား နှင့် မီသိန်းတို့ ဖြစ်သည်။
နက္ခတ္တပညာရှင်တွေ ခန့်မှန်းတာကတော့ အောတိမ်တိုက်ဟာ နေစကြဝဠာရဲ့ အစောပိုင်း ဆင့်ကဲ့ပြောင်းလဲမှုကာလမှာ ကြီးမားတဲ့ဂြိုဟ်တွေရဲ့ ဒြပ်ဆွဲအားသက်ရောက်မှုတွေကြောင့် နေနှင့် နီးရာကနေ အာကာသအပြင်ဘက်ကို ပြန့်ကျဲသွားတယ်လို့ ဆိုပါတယ်။[1] အောတိမ်တိုက်အား တိုက်ရိုက် လေ့လာအတည်ပြုချက်တွေ မလုပ်ခဲ့ပေမယ့် နေစကြဝဠာအတွင်းပိုင်းသို့ ဝင်လာလေ့ရှိသော ဟေလီကြယ်တံခွန်အမျိုးအစား ကြယ်တံခွန်တွေရဲ့ ပင်ရင်း ဖြစ်နိုင်ဖွယ်ရှိပါတယ်။ အပြင်ဘက်ကျတဲ့ အောတိမ်တိုက်ကတော့ နေစကြဝဠာနှင့် နည်းနည်းလေးသာ ဆွဲငင်မှုရှိပါတယ်။ ဒါကြောင့် ၎င်းဟာ အပြင်ဘက်ကြယ်တွေနှင့် နဂါးငွေ့တန်း ဂယ်လက်ဆီကိုယ်တိုင်တို့နှင့်ပင် လွယ်လွယ်ကူကူ ဒြပ်ဆွဲအားသက်ရောက်နိုင်ပါတယ်။