ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း
ဘောလုံးအသင်း / From Wikipedia, the free encyclopedia
ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း သည် မြန်မာဘောလုံးအသင်းတစ်သင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ကို အခြေပြုတည်ထောင်ခဲ့သည်။ အိမ်ကွင်းမှာ ပုသိမ် အားကစားကွင်းဖြစ်သည်။ ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ်စတင် တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သော အသင်းတစ်သင်း ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးကို ကိုယ်စားပြုသည်။ စတင်ကစားခဲ့သော ၂၀၀၉ မြန်မာနေရှင်နယ်လိဂ်တွင် အောက်ဆုံးအဆင့်သာ ရရှိခဲ့သည်။ ဒယ်တာယူနိုက်တက် အသင်း၏ ပိုင်ရှင်သည် လေးကြိမ်မျှ ပြောင်းလဲခဲ့သည်။ လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးမှ လုပ်ငန်းရှင် ၂၆ ဦးသည် ကလပ်အသင်းအား အောင်မြင်စွာ မောင်းနှင် ဆောင်ရွက်နိုင်လာခဲ့ကြသည်။ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း ၂၅ ပွဲ ရှုံးပွဲမရှိပဲ ဒုတိယနေရာကို ရရှိခဲ့သည် မြန်မာနေရှင်နယ်လိဂ်၏ ပထမဆုံး အသင်းတစ်သင်း ဖြစ်သည်။ ရှုံးပွဲမရှိစံချိန်သည် ဇေယျာရွှေမြေ ဘောလုံးအသင်းနှင့်ကစားသောပွဲတွင် ကျိုးပျက်ခဲ့သည်။ ကလပ်အသင်းသည် မူလနာမည် ဒယ်တာယူနိုက်တက်မှ ဧရာဝတီယူနိုက်တက်သို့ ၂၀၁၁ ခုနှစ်တွင် ပြောင်းလဲခဲ့သည်။
အသင်းအမည် | ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း |
---|---|
အခြားအမည် | The Fishermen |
တည်ထောင်နှစ် | ၂၀၀၉; ၁၅ နှစ် အကြာက (၂၀၀၉) |
အိမ်ကွင်း | ဧရာ အားကစားကွင်း (လူဝင်ဆံ့မှု: ၃,၀၀၀) |
ပိုင်ရှင် | ဦးဇော်ဝင်းရှိန်[1] |
မန်နေဂျာ | ဦးကျော်လွင် |
ကစားသည့်လိဂ် | မြန်မာ နေရှင်နယ် လိဂ် |
၂၀၁၅ | စတုတ္ထ |
လက်ရှိ ရာသီ | |
ကပ္ပတိန် | မင်းမင်းသူ |