၁၉၆၇ စစ်တွေ ဆန်ပြဿနာ
From Wikipedia, the free encyclopedia
၁၉၆၇ စစ်တွေ ဆန်ပြဿနာ သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ် ၁၉၆၇ ခုနှစ် မိုးရာသီတွင် ရခိုင်ပြည်နယ်၌ စားနပ်ရိက္ခာ ရှားပါးပြီး အငတ်ဘေးကြုံရသဖြင့် ဩဂုတ် ၁၃ ရက်နေ့တွင် စစ်တွေမြို့လမ်းမပေါ်သို့ ထွက်ကာ ဆန်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ပြည်သူများကို စစ်တပ်က သေနတ်ဖြင့် ပစ်သဖြင့် လူပေါင်း ၂ဝဝ ကျော်သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်သည်။[4][5][6]
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
အချက်တိုများ ၁၉၆၇ စစ်တွေ ဆန်ပြဿနာ, နေ့ရက် ...
၁၉၆၇ စစ်တွေ ဆန်ပြဿနာ | |||
---|---|---|---|
နေ့ရက် | ၁၃ ဩဂုတ် ၁၉၆၇ | ||
နေရာ | |||
Parties to the civil conflict | |||
| |||
ဦးဆောင်သူများ | |||
| |||
ထိခိုက်သူများ | |||
သေဆုံးသူ(များ) | ၂၄ (တရားဝင်)[1] ၂၉၇ (ခန့်မှန်းခြေ)[2] | ||
ဒဏ်ရာရသူ | ၁၀၀+[3] | ||
ဖမ်းဆီးခံရသူ | မသိရ |
ပိတ်ရန်
အဆိုပါ ဩဂုတ် ၁၃ ရက်နေ့ကို စစ်တွေ ဆန်ပြဿနာနေ့ အဖြစ် သတ်မှတ်ကာ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားများကို နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာရှိ ရခိုင်လူမျိုးများရှိသည့်နေရာများတွင် ကျင်းပကြသည်။[4][7]