၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလား
From Wikipedia, the free encyclopedia
၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပွဲသည် အကြိမ်(၂၀) မြောက် ကမ္ဘာ့ဖလားပွဲဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ဘရာဇီးနိုင်ငံတွင် ကျင်းပသည်။
အချက်တိုများ Copa do Mundo da FIFA Brasil 2014, ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ ...
Copa do Mundo da FIFA Brasil 2014 | |
---|---|
၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလား အမှတ်တံဆိပ် | |
ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ | |
အိမ်ရှင်နိုင်ငံ | ဘရာဇီးနိုင်ငံ |
ကျင်းပသည့်နေ့ | ၁၂ ဇွန် – ၁၃ ဇူလိုင် |
ယှဉ်ပြိုင်သည့်အသင်း | 32 (အဖွဲ့ချုပ် 6 ခုမှ) |
အားကစားကွင်း | 12 (အိမ်ရှင်မြို့ 12 မြို့တွင်) |
← ၂၀၁၀ ၂၀၁၈ → |
ပိတ်ရန်
နှစ်ပေါင်း ၆၀ ကျော်ကြပြီးနောက် ဘရာဇီးနိုင်ငံမှ ဒုတိယအကြိမ် ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ပထမအကြိမ်မှာ ၁၉၅၀ ဖီဖာ ကမ္ဘာ့ဖလား ဖြစ်သည်။ ဘရာဇီးသည်လည်း မက္ကစီကို၊ အီတလီ၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံများ ပြီးနောက် ကမ္ဘာ့ဖလားပွဲ နှစ်ကြိမ်ကျင်းပခွင့်ရသည့် ပဉ္စမမြောက် နိုင်ငံဖြစ်သည်။ ၁၉၇၈-ခုနှစ်က အာဂျင်တီးနားတွင် ကျင်းပခဲ့ပြီးနောက် ပထမဆုံးအကြိမ် တောင်အမေရိကတိုက်တွင် ကျင်းပခြင်းဖြစ်သလို တောင်ကမ္ဘာခြမ်းတွင် နှစ်ကြိမ်ဆက်တိုက် ကျင်းပခြင်းလည်းဖြစ်သည်။