ကျောက်ကြီးရောဂါ
From Wikipedia, the free encyclopedia
ကျောက်ကြီးရောဂါ (အင်္ဂလိပ်: smallpox) သည် ကူးစက်တတ်သော ရောဂါဖြစ်သည်။ ကျောက်ကြီးကို ကျကျောက်ဟူ၍လည်း ခေါ်ဆိုတတ်ကြသည်။ ကလေး လူကြီးမရွေး ကျောက်ကြီးရောဂါ ဖြစ်တတ်သည်။ ထိုရောဂါသည် လူကို သေစေနိုင်သည်။ မသေသော်လည်း ကျိုးကန်းစေနိုင်သည်။ ရုပ်ပျက်ဆင်းပျက်လည်း ဖြစ်စေတတ်သည်။ ကျောက်ကြီးရောဂါ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်တွင်းသို့ ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်သောကြောင့် ဖြစ်သည်။ ရောဂါဖြစ်နေသူ၏ ထွက်သက်လေတွင်၎င်း၊ ကျောက်ဖုများ ကျောက်ဖေးများတွင်၎င်း ရောဂါမျိုးစေ့ပိုးများစွာ ပါရှိ၏။ ကျောက်ဖေးကွာချိန်၌ ကျောက်ဖေးမှုန်များသည် လေနှင့် လွင့်စဉ်ပြီးလျှင် ရောက်လေရာ၌ လူများကို ရောဂါကူးစက် စေနိုင်သည်။
အချက်တိုများ ကျောက်ကြီးရောဂါ, အထူးပြု ...
ကျောက်ကြီးရောဂါ | |
---|---|
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျောက်ကြီးရောဂါ ကူးစက်ဖြစ်ပွားနေသော ကလေးငယ်တစ်ဦး (၁၉၇၃) | |
အထူးပြု | ကူးစက်ရောဂါ |
ပိတ်ရန်