ကြာသပတေးဂြိုဟ်
နေမှ ပဉ္စမမြောက်ဂြိုဟ်နှင့် နေအဖွဲ့အစည်းတွင် အကြီးဆုံးဂြိုဟ် / From Wikipedia, the free encyclopedia
ကြာသပတေးဂြိုဟ် (အင်္ဂလိပ်: Jupiter)သည် နေမှစတင်ရေတွက်လျှင် ၅ ခုမြောက်ဂြိုဟ်ဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် အကြီးဆုံးဂြိုဟ်လည်း ဖြစ်သည်။ ထိုဂြိုဟ်မှာ အလွန်ကြီးမားသည့်အတွက် အခြားဂြိုဟ် ၇ လုံးကို ပေါင်းစပ်ထားသော ဒြပ်ထုထက်ပင် ပို၍ ကြီးမားသေးသည်။ ကြာသပတေးဂြိုဟ်သည် ဓာတ်ငွေ့များဖြင့် ပေါင်းစပ်ထားသော ဓာတ်ငွေ့ အစိုင်အခဲကြီးတစ်ခုဖြစ်သည်။
ဟာဘယ် အာကာသ တယ်လီစကုပ်မှ ရိုက်ကူးထားသော ဂျူပီတာဂြိုဟ် ၂၁ ဧပရယ် ၂၀၁၄။ | |||||||||||||||
အသံထွက် | /ˈdʒuːpɪtər/ ( နားဆင်)[1] | ||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ပါဝင်အရာဝတ္ထုများ | Jovian | ||||||||||||||
ပတ်လမ်း ဂုဏ်အင်များ[2] | |||||||||||||||
Epoch J2000 | |||||||||||||||
အဝေးဆုံးပတ်လမ်း | 7011816044416838844♠5.45492 AU (7011816040000000000♠816.04 Gm) | ||||||||||||||
အနီးဆုံးပတ်လမ်း | 7011740552843347502♠4.95029 AU (7011740550000000000♠740.55 Gm) | ||||||||||||||
ဆီမီး မေဂျာ ဝင်ရိုး | 7011778297882103820♠5.20260 AU (7011778299000000000♠778.299 Gm) | ||||||||||||||
ပတ်လမ်း ဗဟိုကျမှု | 6998484980000000000♠0.048498 | ||||||||||||||
ပတ်လမ်း ကာလ | |||||||||||||||
ပတ်လမ်း ကာလ | 7007344632320000000♠398.88 d[4] | ||||||||||||||
ပျမ်းမျှ ပတ်နှုန်း | 13.07 km/s[4] | ||||||||||||||
ပျမ်းမျှ မူမမှန်မှု | 20.020° | ||||||||||||||
ပတ်လမ်း တိမ်းစောင်းမှု | |||||||||||||||
Longitude of ascending node | 100.464° | ||||||||||||||
Argument of perihelion | 273.867° | ||||||||||||||
သိရသည့် ဂြိုဟ်ရံလများ | ၈၀ (as of 2021[update]) | ||||||||||||||
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |||||||||||||||
ပျမ်းမျှ အချင်းဝက် | 7007699110000000000♠69,911±6 km | ||||||||||||||
အီကွေတာ အချင်းဝက် |
| ||||||||||||||
ဝင်ရိုးစွန်း အချင်းဝက် |
| ||||||||||||||
ပြားချပ်မှု | 6998648700000000000♠0.06487±0.00015 | ||||||||||||||
မျက်နှာပြင် ဧရိယာ |
| ||||||||||||||
ထုထည် |
| ||||||||||||||
ဒြပ်ထု | |||||||||||||||
ပျမ်းမျှ သိပ်သည်းဆ | 7003132600000000000♠1.326 g/cm3[4] | ||||||||||||||
မျက်နှာပြင် ဒြပ်ဆွဲအား | 7001247900000000000♠24.79 m/s2[4] 2.528 g | ||||||||||||||
လွတ်မြောက်အလျင် | 59.5 km/s[4] | ||||||||||||||
ဘေးဘက် လှည့်ပတ်ကာလ | 9.925 h[8] (9 h 55 m 30 s) | ||||||||||||||
အီကွေတာ လည်ပတ်မှု အလျင် | 12.6 km/s 7004125833333333333♠45300 km/h | ||||||||||||||
ဝင်ရိုးတိမ်းစောင်းမှု | 3.13° (to orbit)[4] | ||||||||||||||
မြောက်ဝင်ရိုးစွန်း ညာဘက် နိမ့်ဆင်းမှု | 268.057° 17° 52′ 14″ | ||||||||||||||
မြောက်ဝင်ရိုးစွန်း တိမ်းစောင်းမှု | 64.496°[9] | ||||||||||||||
Albedo | 0.343 (Bond) 0.52 (geom.)[4] | ||||||||||||||
| |||||||||||||||
မြင်သာသော ပမာဏ | 2999840000000000000♠−1.6 to 2999706000000000000♠−2.94[4] | ||||||||||||||
ထောင့်ဖြတ်အချင်း | 29.8″ to 50.1″[4] | ||||||||||||||
လေထု[4] | |||||||||||||||
မျက်နှာပြင် လေထုဖိအား | 20–200 kPa[10] (cloud layer) | ||||||||||||||
အမြင့် | 27 km | ||||||||||||||
လေထု၌ ဓာတုပါဝင်နှုန်း | ထုထည်အားဖြင့်:
ရေခဲများ:
| ||||||||||||||
ထိုဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာ၏ဆွဲငင်အားထက် အဆပေါင်းမြောက်မြားစွာ ကြီးမားသည်။ ဂြိုဟ်၏ လေထုထဲတွင် ဟီလီယမ်ပါဝင်သော်လည်း ဟိုက်ဒရိုဂျင်ပမာဏ အများဆုံးဖြစ်သည်။ ကြာသပတေးဂြိုဟ်၏ အင်္ဂလိပ်အမည် ဂျူပီတာမှာ ရောမဒဏ္ဍာရီထဲမှ နတ်ဘုရား ဇုစ်နတ်မင်းကြီးကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။[11]
၂၀၂၁ ခုနှစ်အထိ ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ရံလ ၈၀ စင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ လ ၁၆ စင်းမှာ ကြီးမားသော လများဖြစ်သည်။ အကြီးဆုံးဂြိုဟ်ရံလ ၄ လုံးမှာ အိုင်အို (Io)၊ ယူရိုပါ (Europa)၊ ဂေနီမိဒ် (Ganymede) နှင့် ကယ်လီစတို(Callisto) တို့ဖြစ်ပြီး ဂယ်လီလီယန်လများ (Galilean moons) ဟုခေါ်သည်။ ထိုလများကို အီတလီလူမျိုး အာကာသပညာရှင် ဂယ်လီလီယို ဂယ်လီလီ(Galileo Galilei)က ၁၆၁၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
ကြာသပတေးဂြိုဟ်၏ လေထုနှင့် အရွယ်အစားတို့ကြောင့် မြေပြင်ဖိအားမှာ အလွန်ပင်ကြီးမားသည်။ အကယ်၍ အာကာသယာဉ်တစ်စင်းကို ကြာသပတေးဂြိုဟ်သို့ ပို့လွှတ်မည်ဆိုပါက စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်စီးသွားနိုင်သည်။ ထို့အကြောင်းအရာသည် ကြာသပတေးဂြိုဟ်၏ လေထုအောက်တွင် မည်သည့်အရာများရှိသည်ကို အနည်းငယ်သာ သိနိုင်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ ကြာသပတေးဂြိုဟ်တွင် ပါးလွှာသော ခါးပတ်လမ်းကြောင်း(ring) ၃ ခုရှိသည်။
တနင်္ဂနွေဂြိုဟ်ဟု ခေါ်တွင်သော နေမှလွဲလျှင်
ကြာသပတေးဂြိုဟ်သည် ဂြိုဟ်များတွင် အကြီးဆုံး ဖြစ်သည်။
ထိုဂြိုဟ်ကို အနောက်တိုင်း နက္ခတ်ဆိုင်ရာတွင် ဂျူပီတာဟု
ခေါ်သည်။ ထိုဂြိုဟ်ကြီးသည် ကျွန်ုပ်တို့ကမ္ဘာမှ မိုင်ပေါင်းကုဋေ
၆ဝ ကွာဝေး၍ ထုထည်အားဖြင့် ကမ္ဘာထက် အဆပေါင်း
၁၃ဝဝ ပို၍ ကြီး၏။ သို့ရာတွင် အလေးချိန်အားဖြင့် ၃၁၇ ဆ
သာ ပိုသည်။ ဝင်ရိုးစွန်းတစ်ခုမှ တစ်ခုသို့ အချင်းမိုင်ပေါင်း
၈၂၉ဝဝ ရှိ၍၊ အီကွေတာ၌ အချင်းမိုင်ပေါင်း ၈၈၇ဝဝ ရှိသည်
ဟု ဆိုသည်။ ဂျူပီတာသည် ဗီးနပ်ခေါ် သောကြာဂြိုဟ်မှ
တစ်ပါး အထွန်းလင်းဆုံး ဂြိုဟ်ကြီးဖြစ်၍ တောက်ပသော
အရံ ဂြိုဟ်ငယ် ၁၁ လုံး ခြံရံလျက်ရှိသည်။ နေမှ အကွာအဝေး
အလိုက် ဂျူပီတာသည် ပဉ္စမမြောက် ဂြိုဟ်ကြီးဖြစ်၍ နေကို
၁၂ နှစ်ခန့်တွင်မှ တစ်ပတ်ပတ်မိအောင် လှည့်လည်ရသည်။
ကြာသပတေးဂြိုဟ်သည် တနင်္ဂနွေဂြိုဟ်ဖြစ်သော နေမှ
မိုင်ပေါင်း ၄၈၃၂ဝဝဝဝဝ ကျော်မျှ ကွာဝေးသည်။ ကမ္ဘာနှင့်
နေ၏အကွာအဝေး ၅ ဆကျော်မျှ ဖြစ်သည်။ ထိုဂြိုဟ်သည်
မိမိဝင်ရိုးပေါ်တွင် အလိုအလျောက် လှည့်ပတ်နေရာ ၉ နာရီ
နှင့် မိနစ် ၅ဝ တွင် တစ်ပတ်ပြည့်သည်။
ကြာသပတေးဂြိုဟ်သည် မြန်မာကျမ်းဂန်များအရ ဂြိုဟ် ကြီး ၉ လုံးတွင် ၅ လုံးမြောက် ဂြိုဟ်ဖြစ်သည်။ ကြယ်ငယ် အရံ ၄ လုံးရှိသော ကြယ်ကြီးဖြစ်၍ အချင်း ၁၇ ယူဇနာ ရှိသည်ဟု ဝေါဟာရလိနတ္ထဒီပနီ (လှေ သင်းအတွင်းဝန်)က ဆိုသည်။ ယင်းကြာသပတေးဂြိုဟ်ကို အစွဲပြု၍ ရက်သတ္တပတ် ၏ ၅ ရက်မြောက်နေ့ကို ကြာသပတေးနေ့ဟု ခေါ်သည်။ မြန်မာပြက္ခဒိန်ကျမ်းများအရ ကဆုန်၊ တော်သလင်း၊ ပြာသို၊ တပို့တွဲလများတွင် ကြာသပတေးနေ့များမှာ ရက်ရာဇာ ဖြစ်၍ တန်ခူး၊ ဝါခေါင်၊ နတ်တော်လများတွင် ပြဿဒါးရက်များ ဖြစ်သည်ဟု မှတ်ယူကြသည်။ မြန်မာတို့သည် ကြာသပတေး ဂြိုဟ်ကို ပညာဂြိုဟ်အဖြစ် မှတ်ယူကြ၍ 'စာသင်ကြာသပတေး၊ စာရေးသောကြာ'ဟူ၍ ကြာသပတေးနေ့တွင် စတင်ကျောင်းအပ်လေ့ ပြုကြသည်။ ကြာသပတေး ဂြိုဟ်နတ်မင်း စီးသော ဂြိုဟ် ကောင်မှာ ကြွက်ဖြစ်၍ 'ကြာသပတေးကြွက်၊ ဆယ့်ကိုးသက်၊ နေချက် ပစ္ဆိမ'၊ ဆိုသော ဂြိုဟ်လင်္ကာအရ ကြာသပတေးဂြိုဟ် သက်မှာ ၁၉ နှစ်ပြီးလျှင်၊ ကြာသပတေး ဂြိုဟ်တည်ရာ အရပ်မှာ အနောက်အရပ်ဖြစ်သည်။ ဗေဒင် ဝေါဟာရအားဖြင့် ကြာသပတေးဂြိုဟ်ကို 'ဂုရု'ဟု ခေါ်မှတ်လေ့ ရှိသည်။ မြန်မာအက္ခရာအားဖြင့် ပ၊ ဖ၊ ဗ၊ ဘ၊ မ ဟူသော ပဝဂ်ဂြိုဟ်အက္ခရာ ၅ လုံးကို ကြာသပတေးနံဟု ခေါ်သည်။ [12]