စာကြည့်တိုက်
စာအုပ်နှင့်အခြားသတင်းအချက်အလက်အရင်းအမြစ်များကိုစနစ်တကျစုစည်းထားရာနေရာ။ / From Wikipedia, the free encyclopedia
စာကြည့်တိုက်သည် ပုံနှိပ်စာအုပ်များ၊ လက်ရေးစာမူများကို လူခပ်သိမ်းတို့လေ့လာရန် စုဆောင်းထားရာဌာန ဖြစ်သည်ဟု ဆိုလေသည်။ ကမ္ဘာပေါ်ရှိ ရှေးအကျဆုံး စာကြည့်တိုက်များသည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးများဖြစ်၏။ ကမ္ဘာပေါ်တွင် ရှေးဦးစွာ ထိုသို့စုဆောင်းထားသည့် စာအုပ်စာတမ်းများမှာ အစိုးရမှတ်တမ်းများသာ ဖြစ်သည်။ ယဉ်ကျေးသော တိုင်းပြည်များတွင် စာကြည့်တိုက်များကို တွေ့ရသည်။