နန်ကျင်းစာချုပ်
ပထမဘိန်းစစ်ပွဲအပြီး ၁၈၄၂ ခုနှစ်တွင် ချင်းမင်းဆက်နှင့် ဗြိတိသျှတို့ချုပ်ဆိုသော ဟောင်ကောင် / From Wikipedia, the free encyclopedia
နန်ကျင်းစာချုပ် (Treaty of Nanking or Treaty of Nanjing) အား မန်ချူးတရုတ်နှင့် ဗြိတိသျှအကြား ပထမ ဘိန်းစစ်ပွဲအပြီး ၁၈၄၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ရေးထိုးခဲ့သည်။ ယင်းစာချုပ်သည် တရုတ်သမိုင်းတွင် ပြင်ပအင်အားနှင့် ပထမဦးဆုံးအကြိမ် ချုပ်ဆိုခဲ့သည့် မတရားသော စာချုပ်တစ်ရပ်ဖြစ်သည်။ အဆိုပါစာချုပ်အရ တရုတ်သည် ဗြိတိသျှ ကုန်သည်များအပေါ် ကောက်ယူသည့် အခွန်အတုတ်များကို လျှော့ချပေးရသည်။