ပါလီမန် ဒီမိုကရေစီ စနစ်
From Wikipedia, the free encyclopedia
ပါလီမန်ဒီမိုကရေစီစနစ် ဆိုသည်မှာ ဒီမိုကရေစီ စနစ်၏ အုပ်ချုပ်ရေး ပုံစံကွဲ (မူကွဲ) တစ်မျိုးဖြစ်သည်။ တိုင်းပြည် အတော်များများတွင် ကျင့်သုံးကြပြီး တည်ငြိမ်မှုရှိသည့် အုပ်ချုပ်ရေးအဖြစ် သတ်မှတ်လက်ခံကြသည်။ အင်္ဂလိပ်ဘာသာအားဖြင့် ပါလီမန် ဆိုသည်မှာ လွှတ်တော် ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် နိုင်ငံကို လွှတ်တော်မှတဆင့် တာဝန်ယူအုပ်ချုပ်သည့် စနစ်ဟု အကြမ်းအားဖြင့် ပြောနိုင်သည်။ တချိန်က မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့ဖူးပြီး ဝန်ကြီးချုပ်အဖြစ် အကြိမ်ကြိမ် တာဝန်ယူခဲ့သည့် ဦးနု မှာ အလွန်ဩဇာကြီးသည့် နိုင်ငံရေးသမား ဖြစ်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် မှ အာဏာသိမ်းယူပြီး ပါလီမန်ဒီမိုကရေစီစနစ်မှာလည်း ရပ်ဆိုင်းသွားခဲ့ရသည်။