ဘာသာစကား
တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆက်သွယ်ခြင်း၊ မိမိသဘောထားကိုဖော်ပြခြင်း၊ အချက်အလက်တစ်ခုခုကို / From Wikipedia, the free encyclopedia
လူတို့ အချင်းချင်း ပြောဆိုရေးသား ဆက်သွယ်ရာ၌ သုံးသော ဘာသာစကား (အင်္ဂလိပ်: langauge) တခုခု ဆိုသည်မှာ -
- ထိုလူများ ညှိနှိုင်းသတ်မှတ်ထားသော ဝေါဟာရထု (စကားလုံးများ ကိုယ်တိုင်) နှင့်
- ဆိုင်ရာ သဒ္ဒါ (အဆိုပါ စကားလုံးများကို တွဲစပ်နည်းများ)၊
ဤသည်တို့ကို ပေါင်းစည်းခြုံငုံ၍ ညွှန်းဆိုခြင်း ဖြစ်သည်။
သမိုင်းတလျှောက်မှ လူသားတို့က အချက်အလက်များ၊ အခြင်းအရာများ၊ ဖြစ်ကြောင်းဖြစ်စဉ်များကို တစ်ဦးထံမှ တစ်ဦးထံသို့ သိရှိရေး (ဆက်သွယ်ရေး)အတွက်၊ ပတ်ဝန်းကျင်မှ အခြင်းအရာမျိုးမျိုးကို မည်သည့် အသံထွက်ကိုယ်စီဖြင့် ညွှန်းဆိုကြမည်ဟု ညှိုနှိုင်းသတ်မှတ်၍ စကားလုံးများ ဖြစ်လာပြီး၊ ထိုစကားလုံးများကို အဓိပ္ပါယ် အခြေအနေ အမျိုးမျိုးအတွက် စီစဉ်တွဲစပ်နည်း အမျိုးမျိုး (သဒ္ဒါ) ကိုလည်း ဆက်လက်တီထွင်လာကြသဖြင့်၊ ဘာသာစကားများ ဖြစ်လာကြသည်။
အရပ်သုံး ဘာသာစကား (natural language) နှင့် စည်းချပ် ဘာသာစကား (formal language) ဟု ၂မျိုး ခွဲနိုင်ပြီး လူအများကြား နေ့တဓူဝသုံးနှုန်းနေကြသည်မှာ အရပ်သုံး ဘာသာစကားများ ဖြစ်သည်။