မာယင်းကျို
From Wikipedia, the free encyclopedia
မာရင်းကျို(馬英九)(၁၉၅၀ ဇူလိုင် ၁၃ - )သည် တရုတ်သမ္မတနိုင်ငံ (中華民國 အာအိုစီ)၏ ၁၂ ဆက်မြောက် သမ္မတဖြစ်ပြီး ကွန်မင်တန်ပါတီ (中國國民黨) အတွင်း စစ်လွန်ခေတ် မျိုးဆက်ကို ကိုယ်စားပြုနိုင်သည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ ၎င်းသည် တရားရေးဝန်ကြီး (၁၉၉၃-၁၉၉၆)၊ ပြည်မရေးရာကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ထိုင်ပေမြို့တော်ဝန် (၁၉၉၈-၂၀၀၆)၊ ကွန်မင်တန်ပါတီဥက္ကဋ္ဌ (၂၀၀၅-၂၀၀၇) အဖြစ် ထမ်းရွက်ခဲ့ဖူးသည်။
အချက်တိုများ မာရင်းကျို馬英九 ...
မာရင်းကျို 馬英九 | |
---|---|
မွေးသက္ကရာဇ် | ၁၃ ဇူလိုင် ၁၉၅၀ ဟောင်ကောင် |
နိုင်ငံသား | ထိုင်ဝမ် |
လူမျိုး | ဟတ်ကာ (အင်္ကျီရှေ) |
ပညာရေး | အမျိုးသားထိုင်ဝမ်တက္ကသိုလ် LL.B. ဥပဒေ နျူးယောက်တက္ကသိုလ် LL.M. ဟားဗတ်ဥပဒေကျောင်း S.J.D. |
ကြင်ဖော် | ကျိုးမေချင်း (周美青) |
ပိတ်ရန်
မာရင်းကျိုသည် ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲ[1][2]တွင် ကွန်မင်တန်ပါတီကိုယ်စား ဝင်ရောက်ရွေးချယ်ခဲ့ပြီး အနိုင်ရရှိသောကြောင့် ၂၀၀၈ မေလ ၂၀ တွင် ရာထူးတက်ခဲ့သည်။