ဝီကီပီးဒီးယား:ဆောင်းပါးတို
From Wikipedia, the free encyclopedia
ဆောင်းပါးတို (Stub) ဆိုသည်မှာ မပြည့်စုံသေးသော၊ သို့မဟုတ် မြန်မာဝီကီ၏ စံနှုန်းစံထား မပြည့်မီသေးသော ဆောင်းပါးအတိုကို ဆိုလိုခြင်းဖြစ်သည်။
ဤ စာမျက်နှာ သည် မြန်မာဝီကီပီးဒီးယား တည်းဖြတ်ခြင်း လမ်းညွှန်ချက် စာတမ်းဖြစ်သည်။ ဤအရာကို ယေဘုယျအားဖြင့် တည်းဖြတ်သူများမှ လိုက်နာရန် ဖြစ်ပြီး ဆင်ခြင်တုံတရားရှိရှိ ပြုမူကာ၊ ရံဖန်ရံခါ ခြွင်းချက်များ ရှိမည်ဖြစ်သည်။ စာမျက်နှာရှိ မည်သည့် ထိရောက်သော တည်းဖြတ်ပြင်ဆင်မှုမဆို အများဆန္ဒဖြင့် ပြင်ဆင်သင့်သည်။ သံသယရှိပါက ဆွေးနွေးချက် စာမျက်နှာတွင် ဦးစွာ ဆွေးနွေးပါ။ |
ဤစာမျက်နှာကို တိုတိုပြောရလျှင်: အခြေခံအချက်အလက်များထက် ပိုမိုမဖော်ပြပေးနိုင်သော အလွန်တိုတောင်းသည့်ဆောင်းပါးတစ်ပုဒ်ကို ဆောင်းပါးတို အဖြစ် ဆောင်းပါး၏ အဆုံးတွင် ဆောင်းပါးတိုတမ်းပလိတ် တစ်ခု ထည့်သွင်းကာ မှတ်သားထားသင့်သည်။ ဆောင်းပါးတိုတစ်ပုဒ်အား မည်သူမဆို ပြင်ဆိုင်ခြင်း၊ သို့မဟုတ် ဆောင်းပါးတိုမဟုတ်တော့သော ဆောင်းပါးမှ ဆောင်းပါးတိုတမ်းပလိတ်အား ဖယ်ရှားခြင်းတို့ကို ပြုလုပ်နိုင်သည်။ |
မြန်မာဝီကီပီးဒီးယား၏ လက်ရှိ ဆောင်းပါးတိုများကို Stubs ကဏ္ဍ တွင်ကြည့်ပါ။ နောင်တွင် ၎င်းဆောင်းပါးတို ပင်မ "Stubs" ကဏ္ဍအတွင်းတွင် ကဏ္ဍငယ်များ ပြုလုပ်၍ ဆောင်းပါးတိုများကို သင့်လျော်တိကျသည့် ဆောင်းပါးတို အမျိုးအစားများအတွင်း ထည့်သွင်းခြင်းဖြင့် အင်္ဂလိပ်ဝီကီပီးဒီးယားကဲ့သို့ စနစ်တကျ စီစဉ်သွားရန်ဖြစ်သည်။ အကြောင်းမှာ မြန်မာဝီကီတွင် ပါဝင်ရေးသားသူများ အနေဖြင့် ဆောင်းပါးတိုများကို ကူညီဖြည့်စွက်ရေးသားရာတွင် မိမိကျွမ်းကျင်လိမ္မာသည့်၊ စိတ်ပါဝင်စားသည့် အကြောင်းအရာနှင့် သက်ဆိုင်သည့် ဆောင်းပါးတိုများကို ဦးစွာ ဖတ်ရှုလေ့ရှိရာ ဆောင်းပါးတို ခေါင်းစဉ်အောက်တွင် အကြောင်းအရာပေါင်းစုံမှ ဆောင်းပါးများ ရှုပ်ထွေးနေပါက လိုရာမရောက် ဖြစ်တတ်သောကြောင့်ပင်။