ယေဘုယျနှိုင်းရသီအိုရီ
From Wikipedia, the free encyclopedia
ထူးရှားနှိုင်းရသီအိုရီ (1905) ၏ နောက်ဆက်တွဲ အဖြစ် 1915 ခုနှစ်တွင် အိုင်းရှ်တိုင်းက ပိုမိုအခြေခံခြုံငုံမိစွာ ထုတ်ဝေလိုက်သည့် ယေဘုယျနှိုင်းရသီအိုရီ (သို့) အထွေထွေနှိုင်းရသီအိုရီ (အင်္ဂလိပ်: General Theory of Relativity) ဆိုသည်မှာ ဒြပ်ထုနှင့်စွမ်းအင်တို့က ဇာတ်ကောင်သဖွယ်၊ နေရာအာကသ (spacetime)က ဇာတ်လမ်းဇာတ်ခုံသဖွယ် ရှိကြပြီးနောက် အပြန်အလှန် သက်ရောက်ပုံကို သင်္ချာနည်းဖြင့် ရှင်းလင်းတင်ပြသည့် (ဒြပ်ဆွဲမှုဆိုင်ရာ) ဂျီဩမေတြီသီအိုရီဖြစ်သည်။[2] ခေတ်ပေါ်ရူပဗေဒတွင် လက်ရှိအသုံးပြုနေသော ဒြပ်ဆွဲအားဆိုင်ရာ ရှင်းလင်းဖော်ပြချက်လည်း ဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် အထူးနှိုင်းရသီအိုရီနှင့် နယူတန်၏ စကြဝဠာဆိုင်ရာဒြပ်ဆွဲအားနိယာမ တို့ကို ယေဘုယျကျမျှတအောင် ပြုလုပ်ပေးခြင်းအားဖြင့် အာကာသနှင့် အချိန်ကို သို့မဟုတ် အာကာသအချိန်ကို ဂျီဩမေတြီဂုဏ်သတ္တိအဖြစ် ပေါင်းစည်း၍ ရှင်းလင်းဖော်ပြပေးသည်။ အာကာသအချိန်၏ ကွေးညွတ်မှုသည် ပါဝင်တည်ရှိနေသည့် အားလုံးသော ဒြပ်နှင့် ရောင်စဉ်တို့၏ စွမ်းအင်နှင့် အဟုန်တို့ဖြင့် တိုက်ရိုက် ဆက်စပ်သည်။ ဆက်စပ်မှုကို အိုင်းစတိုင်း စက်ကွင်းညီမျှခြင်းဖြင့် ဖော်ပြသည်။