မြဘုရား
From Wikipedia, the free encyclopedia
မြဘုရား သို့မဟုတ် ဗုဒ္ဓမဟာမဏီ ရတနပဋိမာကရဘုရား(ပါဠိ: ဗုဒ္ဓမဟာမဏီ ရတနပဋိမာကရ၊ ထိုင်း: พระพุทธมหามณีรัตนปฏิมากร)သည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ရွှေသင်္ကန်း ကပ်လှူပူဇော်ထားသည့် ထိုင်တော်မူ သမာဓိ မုဒြာ ဂေါတမမြတ်စွာဘုရား ဆင်းတုတော်တစ်ဆူဖြစ်သည်။ ဉာဏ်တော်မှာ ၆၆ စင်တီမီတာ (၂၆လက်မ) ရှိသည်။ ထိုင်းနိုင်ငံ၏ အထွတ်အမြတ် ဗုဒ္ဓဆင်းတုတော်တစ်ဆူဖြစ်သည်။ နှစ်ပေါင်းများစွာ လာအိုတလှည့်၊ ထိုင်းတလှည့်၊ ဗီယက်နမ် တလှည့် ကိုးကွယ် ရောက်ရှိနေရာမှ ၁၇၇၉ တွင် ရာမ ၁ က ဗီယက်ကျန်းကို သိမ်းပိုက်လိုက်သည့်အခါ ဆင်းတုတော်အား ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တော်ဝင်နန်းတော်ရှိ မြဘုရားဗိမာန်တော်( (Wat Phra Kaew)၌ အပူဇော်ခံထားရှိသည်။[1]