ထိုင်းဘာသာစကား
From Wikipedia, the free encyclopedia
အနောက်တောင်ပိုင်းတိုင်ဘာသာစကား သို့မဟုတ် အလယ်ပိုင်းတိုင်ဘာသာစကား
နှင့် မရောထွေးပါနှင့်။
ထိုင်းဘာသာစကား (ထိုင်း: ภาษาไทย)ကို ဆိုင်းယမ် (သို့မဟုတ်) ထိုင်းအလယ်ပိုင်းစကားဟုလည်း ခေါ်လေ့ရှိပြီး ထိုင်းနိုင်ငံ တရားဝင်ရုံးသုံးဘာသာစကား နှင့် ထိုင်းလူမျိုး( ယိုးဒယားရောက်မြန်မာတို့က ရှမ်း ဟုခေါ်သည်)၊ ထိုင်းတရုတ်လူမျိုးများ၏ မိခင်ဘာသာစကားလည်း ဖြစ်သည်။ ထိုင်းဘာသာစကားသည် တိုင်-ကဒိုင်း ဘာသာစကားမိသားစုဝင် တိုင်ဘာသာစကားတစ်ခု ဖြစ်သည်။ ထိုင်းဘာသာစကား၏ ဝေါဟာရ တစ်ဝက်ကျော်ကျော်သည် ပါဠိ၊ သက္ကတ နှင့် ခမာဘာသာစကားတို့မှ မွေးစားထားသည်။ ထိုင်းဘာသာစကားသည် တက်ကျသံရှိသော (tonal)၊ သရုပ်ခွဲဘာသာစကား( analytic) တစ်ခုဖြစ်သည်။ ထိုင်းစကားပြောသည် လာအိုစကားပြော နှင့် အပြန်အလှန် တူညီကြပြီး ဘာသာစကားနှစ်ခုသည် စာရေးသားရာမှ အနည်းငယ်ကွဲလွဲသော်လည်း ဘာသာဗေဒအရ အတူတူပင်ဖြစ်သည်။[3]
အချက်တိုများ ထိုင်း, အသံထွက် ...
ထိုင်း | |
---|---|
သျမ်လူမျိုး | |
ภาษาไทย ဘာၑါထာယ | |
အသံထွက် | [pʰāːsǎː tʰāj] |
ဒေသခံ | ထိုင်းနိုင်ငံ |
လူမျိုးစု | အလယ်ပိုင်းထိုင်း၊ ထိုင်လူမျိုးနှင့် ထိုင်းတရုတ် |
ဒေသခံ ပြောဆိုသူများ | ၂၀,၀၀၀,၀၀၀ (၂၀၀၀)[1] သန်း ၄၀ ဒုတိယဘာသာစကားအနေဖြင့် ပြောဆိုသူ နှင့် လနာ၊ အီဆန်၊ တောင်ပိုင်းထိုင်းဘာသာ သို့ မြောက်ပိုင်းခမာ (၂၀၀၁)[1] |
တိုင်-ကဒိုင်း
| |
စာအရေးအသားစနစ် | ထိုင်းအက္ခရာ ထိုင်းမျက်မမြင်စာ |
တရားဝင် အခြေအနေ | |
ရုံးသုံး အဖြစ် အသုံးပြုမှု | ထိုင်းနိုင်ငံ |
တရားဝင် ထိန်းသိမ်းသူ | ထိုင်းနိုင်ငံတော်ဝင်အသင်း |
ဘာသာစကားကုဒ်များ | |
ISO 639-1 | th |
ISO 639-2 | tha |
ISO 639-3 | tha |
Glottolog | thai1261 [2] |
Linguasphere | 47-AAA-b |
ပိတ်ရန်