Neil deGrasse Tyson
အမေရိကန်လူမျိုး နက္ခတ္တရူပဗေဒပညာရှင်၊ စာရေးဆရာ / From Wikipedia, the free encyclopedia
Neil deGrasse Tyson (၁၉၅၈ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့) သည် အမေရိကန်လူမျိုး နက္ခတ္တရူပဗေဒပညာရှင်၊ စာရေးဆရာတစ်ယောက်ဖြစ်သည်။ မန်ဟတ်တန်၊ နယူးယောက်မြို့တွင် မွေးဖွားခဲ့ပြီး ဟားဗတ်တက္ကသိုလ်မှ ရူပဗေဒပညာရပ်ဖြင့် ၁၉၈ဝ ခုနှစ်တွင် ဘွဲရခဲ့သည်။ တက္ကဆပ် တက္ကသိုလ်မှ ၁၉၈၃ ခုနှစ်တွင် နက္ခတ္တဗေဒပညာရပ်အား ပြီးဆုံးကာ ကိုလမ်ဘီယာ တက္ကသိုလ်မှ နက္ခတ္တရူပဗေဒဘာသာရပ်ဖြင့် ၁၉၉၁ ခုနှစ်တွင် ပါရဂူဘွဲအား ရယူခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် NASA Distinguished Public Service Medal ဆုအား ချီးမြင့်ခံရသည်။ ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း PBS မှ NOVA ScienceNow ရုပ်သံလွှင့်အစီစဉ်တွင် ပါဝင်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် တီဗွီဇာတ်လမ်းတွဲ Cosmos: A Spacetime Odyssey အား ပါဝင်သရုပ်ဆောင်ခဲ့သည်။ ယင်းသည် ၁၉၈ဝ ခုနှစ်တွင် ကားလ် ဆေဂန်၏ Cosmos: A Personal Voyage ဟူသော ဇာတ်လမ်းတွဲအား ပြန်လည်ပြသည့်ဇာတ်လမ်းတွဲဖြစ်သည်။[1] အမေရိကန် National Academy of Sciences ဟူသောအဖွဲ့မှ Tyson အား ၂ဝ၁၅ ခုနှစ်တွင် Public Welfare Medal ဟူသောဆုအား ပေးအပ်ခဲ့သည်။[2]
Neil deGrasse Tyson | |
---|---|
အပိုလို ၁၁ နှစ်လေးဆယ်မြောက်အခမ်းအနားတွင်
အမျိုးသားလေကြောင်းနှင့် အာကာသပြတိုက်၊ ဝါရှင်တန်မြို့၌ Tyson အခမ်းအနားမှူး လုပ်ပေးနေပုံ၊ ဇူလိုင် ၂ဝဝ၉။ | |
မွေးဖွား | (1958-10-05) အောက်တိုဘာ ၅၊ ၁၉၅၈ (အသက် ၆၅) မန်ဟတ်တန်၊ နယူးယောက်မြို့၊ အမေရိကန်။ |
နယ်ပယ် | နက္ခတ္တရူပဗေဒ၊ ရုပ်ပိုင်းဆိုင်ရာ စကြဝဠာဗေဒ၊ သိပ္ပံ ဆက်သွယ်ရေး။ |
အဖွဲ့အစည်းဌာန | American Museum of Natural History, PBS, Planetary Society |
မိခင်ကျောင်း | ဟားဗတ် တက္ကသိုလ်(ဝိဇ္ဇာဘွဲ) တကၠဆက် တက္ကသိုလ် (မဟာ ဝိဇ္ဇာဘွဲ) ကိုလမ်ဘီယာ တက္ကသိုလ် (မဟာ စိတ်ပညာဘွဲ၊ ပါရဂူ) |
ဘွဲ့ယူစာတမ်း | A study of the abundance distributions along the minor axis of the Galactic bulge (1991) |
ပါရဂူဘွဲ့ ကြီးကြပ်သူ | အာရ် မိုက်ကယ် ရစ်ချ် |
သူ့အပေါ် ဩဇာလွှမ်းမိုးသူများ | နယူတန်၊ ကားလ် ဆေဂန်၊ ရစ်ချက် ဖီးမန်း၊ အိုင်းစတိုင်း။ |
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | NASA Distinguished Public Service Medal (၂၀၀၄) Klopsteg Memorial Award (၂၀၀၇) Public Welfare Medal (၂၀၁၅) |
အိမ်ထောင်ဘက် | အဲလက် ယောင် (၁၉၈၈–လက်ရှိ၊ သားသမီး ၂ ယောက်) |
လက်မှတ် |