တရုတ်-တိဗက်နွယ် ဘာသာစကားများ
From Wikipedia, the free encyclopedia
တရုတ်-တိဘက်နွယ်(Sino-Tibetan) ဘာသာစကား မိသားစုကို အချို့က တိဗက်-ဗမာနွယ်(တိဘက်တို-ဘားမန်း) ဟူ၍လည်းကောင်း၊ ထရန်စ်-ဟိမာလေးယန်း ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် ဘာသာစကား ၄၀၀ ကျော်ပါဝင်ပြီး အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသများတွင် ပြောဆို အသုံးပြုကြသည်။ အင်ဒို-ယူရိုပီယန် ဘာသာစကားများပြီးလျှင် ဒုတိယမြောက် အသုံးပြုသူ အများဆုံးရှိသည့် ဘာသာစကားများ ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် မိခင်ဘာသာစကားအဖြစ် အများဆုံးသော ဘာသာစကားများမှာ တရုတ်ဘာသာစကား အမျိုးမျိုး(သုံးစွဲသူ ၁.၂ ဘီလီယံ)၊ ဗမာ ဘာသာစကား(သုံးစွဲသူ ၃၅ သန်းကျော်) နှင့် တိဘက်ဘာသာစကား (သုံးစွဲသူ ၈ သန်း) တို့ဖြစ်ကြသည်။ တရုတ်-တိဘက်နွယ် ဘာသာစကား အတော်များများကို ဝေးလံသော တောင်ပေါ်ဒေသများတွင်ရှိသော လူမျိုးစုလေးများက ပြောဆိုလျက် ရှိကြပြီး ယင်းတို့နှင့်ပက်သက်သော မှတ်တမ်းမှတ်ရာများ နည်းပါးသည်။
Sino-Tibetan | |
---|---|
ဒေသအလိုက် ပျံ့နှံ့မှု: | အရှေ့အာရှ, အရှေ့တောင်အာရှ, တောင်အာရှ |
ခွဲခြားမှု: | ဘာသာစကား မိသားစုများ၏ ပင်မဘာသာစကားတစ်ခု |
အခွဲများ: |
|
ISO 639-2 / 5: | sit |
Glottolog: | sino1245 |
The extension of various branches of Sino-Tibetan |
ဘာသာစကားများကို အုပ်စုခွဲရာတွင် အနိမ့်ပိုင်းအဆင့် အုပ်စုများကို ကောင်းစွာသတ်မှတ်ခွဲခြားထားပြီး ဖြစ်သော်လည်း အမြင့်ပိုင်း အုပ်စုဖွဲ့စည်းပုံမှာ ရှင်းလင်းမှု မရှိသေးပါ။ ဤဘာသာစကား မိသားစုကြီးကို တရုတ်နွယ် ဘာသာစကားများအုပ်စု(Sinitic) နှင့် တိဘက်-ဗမာနွယ် ဘာသာစကားများအုပ်စု(Tibeto-Burman) ဟူ၍ ကိုင်းခွဲနှစ်မျိုးဖြင့် သတ်မှတ် ဖော်ပြလေ့ ရှိသော်လည်း တရုတ်နွယ် မဟုတ်သော ဘာသာစကားများ၏ မူလအစနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြထားခြင်း လုံးဝမရှိသေးသလို ဤသို့ခွဲခြားခြင်းကို လက်မခံသော သုတေသနပညာရှင် ဦးရေမှာလည်း ပိုမိုများပြားလာသည်။