ကင်း ပင်ဂွင်း
From Wikipedia, the free encyclopedia
ကင်းပင်ဂွင်း (အပ္ပတီနိုဒိုက် ပတ္တဂိုနီးကပ်) သည် ပင်ဂွင်းမျိုးတို့တွင် အရွယ်အစား ဒုတိယမြောက် အကြီးဆုံး မျိုးစိတ်ဖြစ်သည်။ အချို့သောနေရာတို့တွင် အမ်ပရာပင်ဂွင်းနှင့်ပင် ခပ်ဆင်ဆင်တူသည်။ မျိုးစိတ် ၂ ခုရှိပြီး ပတ္တဂိုနီးကပ် နှင့် အေပီဟောလီ ဟူ၍ ဖြစ်သည်။ ပတ္တာဂိုနီးကပ် ကို တောင်အတ္တလန္တိတ် သမုဒ္ဒရာ၌ တွေ့ရပြီး ဟောလီကို အိန္ဒိယသမုဒ္ဒရာတောင်ဘက် (ကာဂူလန်ကျွန်းစု၊ ခရော့ဇက်ကျွန်း၊ အပ်ဒွပ်မင်းသာားကျွန်းစု၊ ဟာ့ကျွန်းနှင့် မက်ဒေါ်နယ်ကျွန်းစု) နှင့် မက္ကာရီကျွန်းတို့၌ တွေ့ရသည်။ ငါးမီးအိမ်၊ ကင်းမွန်နှင့် ပုဇွန်ကျော့ တို့ကို စားသည်။ အန္တာတိက မြောက်ဘက်စွန်းရှိ အန္တာတိကဝင်ကျွန်းစု၊ ဂျော်ဂျီယာတောင်ဘက်နှင့် အခြားအနီးတဝိုက်ကျွန်းတို့၌ သားပေါက်သည်။
အချက်တိုများ ကင်း ပင်ကွင်း (King Penguin), ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
ကင်း ပင်ကွင်း (King Penguin) | |
---|---|
King penguin Fortuna Bay, South Georgia | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Sphenisciformes |
မျိုးရင်း: | Spheniscidae |
မျိုးစု: | Aptenodytes |
မျိုးစိတ်: | A. patagonicus |
ဒွိနာမ | |
Aptenodytes patagonicus Miller,JF, 1778 | |
Red: Aptenodytes patagonicus patagonicus Yellow: Aptenodytes patagonicus halli |
ပိတ်ရန်