ကီးဝီးငှက်
From Wikipedia, the free encyclopedia
ကမ္ဘာပေါ်ရှိ မြောက်မြားလှစွာသော ငှက်တို့တွင် ကီးဝီးဟု အမည်တွင်သော ငှက်မျိုးသည် အသွင်အားဖြင့် အံ့ဩဖွယ်ရာ အကောင်းဆုံးသော ငှက်မျိုးဖြစ်သည်။ ကီးဝီးငှက်ကို နယူးဇီလန်ကျွန်း မှတစ်ပါး အခြားနိုင်ငံများ၌ မတွေ့ချေ။ ကီးဝီး ဟူသော နာမည်မှာ အော်သံကို အစွဲပြု၍ နယူးဇီလန်တိုင်းရင်းသားများက ပေးထားသော နာမည်ဖြစ်သည်။ သိပ္ပံပါရဂူများကမူ ထိုငှက်၌ ပျံသန်းနိုင်လောက်သော အတောင်များ မရှိသောကြောင့် 'အက်ပတာရစ်'(တောင်ပံမဲ့)ဟုခေါ်သည်။
ကီးဝီးငှက် Temporal range: Miocene–Recent | |
---|---|
North Island brown kiwi (Apteryx mantelli) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
Infraclass: | Palaeognathae |
Clade: | Novaeratitae |
မျိုးစဉ်: | Apterygiformes Haeckel, 1866 |
မျိုးရင်း: | Apterygidae Gray, 1840[1] |
မျိုးစု: | Apteryx Shaw, 1813[1] |
အမျိုးအစား မျိုးစိတ် | |
Apteryx australis Shaw, 1813 | |
မျိုးစိတ်များ | |
Apteryx haastii Great spotted kiwi | |
The distribution of each species of kiwi | |
Synonyms[2] | |
Stictapteryx Iredale & Mathews, 1926 |
ကီးဝီးငှက်တွင် အလွန်ရှည်လျားသော နှုတ်သီးရှိသည်။ အရွယ်မှာ အိမ်၌ မွေးထားသော ကြက်အငယ်စား အရွယ်သာသာ ဖြစ်သည်။ ကီးဝီတွင် တောင်ပံများရှိ၏။ သို့သော် အလွန်သေးငယ်၍ ပျံသန်းရန်အတွက် အသုံးမကျချေ။ ကိုယ်၌ရှိသော အမွှေးများမှာ အလွန်ရှည်၍ တစ်ကိုယ်လုံး အမွှေးအမှင်များ ဖုံးနေဘိသကဲ့သို့ ထင်ရသည်။ မပျံသန်းနိုင်သော်လည်း ခြေထောက်များမှာ အလွန်သန်မာ တောင့်တင်းသည်။ အခြားငှက်များနှင့် မတူသော ထူးခြားချက်တစ်ခုမှာ ထိုငှက်၏ နှာခေါင်းပေါက်များသည် ရှည်လျားသော နှုတ်သီးဖျားတွင် ရှိနေခြင်းပင်ဖြစ်၏။ အစာရှာဖွေသောအခါ နှာခေါင်းဖြင့် အနံ့ခံ၍ ရှာဖွေသည်။ သူ၏အစာမှာ တီကောင်၊ ပိုးတောင်မာနှင့် ဗယ်ရီသီးများဖြစ်၏။ တီကောင်ကို နှုတ်သီးဖြင့် ရွံ့ထဲ၌ ရှာဖွေတတ်သည်။
ကီးဝီးသည် နေ့ခင်းတွင် အိပ်၍ ညအခါ၌သာ အစာရှာဖွေသည်။ ရန်သူကို ခုခံရန်အတွက် ချွန်ထက်သော ခြေသည်းများကို အသုံးပြုသည်။ ငှက်၏ အရွယ်နှင့်စာသော် သူ၏ဥမှာ ကြီးမားသည်ဟု ဆိုရပေမည်။ တစ်ကြိမ်လျှင် ဥ ၂ လုံးခန့် အု၍ ငှက်ဖိုက ဥပေါ်၌ ဝပ်သည်။ အသိုက် ပြုလုပ်သော အလေ့အကျင့် မရှိဘဲ မြေကြီး၌ ကျင်းတူး၍ အုတတ်သည်။ နယူးဇီလန်တိုင်းရင်းသားများ၏ သတ်ဖြတ်မှုကြောင့် ကီးဝီးများ အတော်နည်းပါးသွားလေပြီ။ သို့ရာတွင် ယခုအခါ၌ ဤငှက်မျိုးကို မသတ်ဖြတ်ရဟု နယူးဇီလန်အစိုးရက ဥပဒေဖြင့် တားမြစ်ထားလေသည်။[3]