နယူးဇီလန်နိုင်ငံ
အနောက်တောင်ပစိဖိတ်သမုဒ္ဒရာရှိကျွန်းနိုင်ငံ / From Wikipedia, the free encyclopedia
နယူးဇီလန်သည် ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ဘက်ပိုင်းတွင် ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြောက်ဘက်ကျွန်းနှင့် တောင်ဘက်ကျွန်းဟူသော ကုန်းမြေကြီး ၂ ခု နှင့် စတူးဝတ်ကျွန်း/ရာကီအူရာနှင့် ချသန်ကျွန်းများ စသည့် ကျွန်းများ အပါအဝင် ကျွန်းငယ်လေးများစွာပါဝင်သည်။ အစကနဦးနေထိုင်သူ မောင်အိုရီလူမျိုးတိုက နယူးဇီလန်ကို Aotearoa ဟု အမည်ပေးပြီး အင်္ဂလိပ်ဘာသာဖြင့် ရှည်လျားသော တိမ်ဖြူများရှိသည့်မြေ ဟု ပြန်ဆိုကြသည်။ နယူးဇီလန်၏ နယ်မြေတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရသော်လည်း နယူးဇီလန်နှင့် လွတ်လပ်စွာပေါင်းစပ်ထားသော ကွတ်ကျွန်းများနှင့် နျူးဝေး၊ တိုကလို နှင့် အန္တာတိကရှိ နယူးဇီလန်၏ နယ်မြေအဖြစ်သတ်မှတ်ထားသော ရော့စ်လက်အောက်ခံမြေတို့ပါဝင်ကြသည်။
နယူးဇီလန် Aotearoa (မာအိုရီ) | |
---|---|
နယူးဇီလန်နိုင်ငံ၏ တည်နေရာ (အစွန်းအဖျားကျွန်းများ၊ ရော့အမှီအခိုနယ်မြေနှင့် တိုကဲ့လောင်းကျွန်းများပါဝင်သည်) | |
မြို့တော် | ဝယ်လင်တန်မြို့ 41°18′S 174°47′E |
အကြီးဆုံးမြို့ | အော့ကလန်မြို့ |
ရုံးသုံး ဘာသာစကားများ | |
လူမျိုးစု (၂၀၁၈) |
|
ကိုးကွယ်မှု | |
Demonym | New Zealander Kiwi (informal) |
အစိုးရ | ပြည်ထောင်စု ပါလီမန် စည်းမျဉ်းခံဘုရင်စနစ် |
• ဧကရာဇ် | တတိယမြောက် ချားလ်စ်ဘုရင် |
လစ်လပ် Helen Winkelmann | |
• ဝန်ကြီးချုပ် | Jacinda Ardern |
ဥပဒေပြုလွှတ်တော် | ပါလီမန် (ကိုယ်စားလှယ်များလွှတ်တော်) |
လွတ်လပ်သောအဆင့် ယူနိုက်တက် ကင်းဒမ်းမှ | |
၁၈၅၆ ခုနှစ် မေလ ၇ ရက် | |
၁၉၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက် | |
၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၂၆၈,၀၂၁ km2 (၁၀၃,၄၈၃ sq mi) (အဆင့်: ၇၅) |
• ရေထု (%) | ၁.၆[n 4] |
လူဦးရေ | |
• မေ ၂၀၂၄ ခန့်မှန်း | ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။[4] (အဆင့် - 121) |
၄,၆၉၉,၇၅၅[5] | |
• သိပ်သည်းမှု | [convert: မရေရာသော ကိန်းဂဏန်း] (အဆင့် - 167) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၂၂၆.၅၆၆ ဘီလီယံ[6] (အဆင့် - ၆၄) |
• Per capita | $၄၄,၂၂၆[6] (အဆင့် - ၄၂) |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၂၄၃.၃၃၂ ဘီလီယံ[6] (အဆင့် - ၅၀) |
• Per capita | $၄၇,၄၉၉[6] (အဆင့် - ၂၂) |
Gini (၂၀၁၉) | ၃၃.၉[7] အလယ် |
HDI (၂၀၁၉) | ၀.၉၃၁[8] အလွန်မြင့် · ၁၄ |
ငွေကြေး | နယူးဇီလန် ဒေါ်လာ ($) (NZD) |
အချိန်ဇုန် | NZST[n 5] (UTC+12) |
• နွေရာသီ (DST) | NZDT[n 6] (UTC+13) |
ရက်စွဲပုံစံ | dd/mm/yyyy[10] |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၆၄ |
ISO 3166 ကုဒ် | NZ |
Internet TLD | .nz |
နယူးဇီလန်သည် ပထဝီအနေအထားအရထူးခြားသည်။ တက်စ်မန်ပင်လယ်ခြား၍ ဩစတြေးလျ၏ အရှေ့တောင်ဘက် ၂၀၀၀ ကီလိုမီတာ (၁၂၅၀ မိုင်) အကွာတွင် တည်ရှိသည်။ သူ၏ မြောက်ဘက်ရှိ အနီးဆုံးအိမ်နီးချင်းနိုင်ငံများမှာ နယူးကယ်လီဒိုးနီးယား၊ ဖီဂျီ နှင့် တုံဂါတို့ဖြစ်သည်။ သူ၏ ကာလကြာရှည်စွာ အထီးကျန်ရပ်တည်ခဲ့မှုကြောင့် နယူးဇီလန်တွင် ကွဲပြားခြားနား၍ ငှက်တို့ကြီးစိုးသော တိရစ္ဆာန်မျိုးစုများရှိသော်လည်း အများစုမှာ လူတို့ရောက်ရှိ၍ လူတို့နှင့်အတူပါလာသော နို့တိုက်သတ္တဝါများ ရောက်ရှိလာပြီးသည့် နောက်တွင် မျိုးတုံးသွားခဲ့သည်။
နယူးဇီလန်တွင် နေထိုင်ကြသူအများစုမှာ ဥရောပမှ ဆင်းသက်လာသူများဖြစ်ပြီး အစကနဦးနေထိုင်သူ မောင်အိုရီ လူမျိုးတို့မှာ လူနည်းစုလူမျိုးစုများအနက် ဦးရေအများဆုံးြဖစ်သည်။ အထူးသဖြင့် မြို့ကြီးများ၌ နေထိုင်သူများတွင် မောင်အိုရီများအပြင် အာရှသားနှင့် အခြားပိုလီနီးရှန်းများမှာလည်း ထင်ရှားသော လူမျိုးစုများဖြစ်သည်။ အဲလိဇဘက် ၂ သည် နယူးဇီလန်၏ ဘုရင်မဖြစ်ပြီး နိုင်ငံ၏ အကြီးအကဲလည်းဖြစ်သည်။ သူမအား ဘက်မလိုက်သော ဘုရင်ခံချုပ်က ကိုယ်စားပြုသည်။ ဘုရင်မသည် အကြီးအကဲဖြစ်သော်လည်း တိုင်းပြည်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ဘုရင်မသည် နိုင်ငံရေးအရ ဩဇာအာဏာမရှိပဲ သူမ၏ ရာထူးသည် ပြယုဂ်သာဖြစ်သည်။ နိုင်ငံ၏ အာဏာကို အစိုးရ၏ အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် ရှိပြီး ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြောက်ထားသော နယူးဇီလန်ပါလီမန်က ချုပ်ကိုင်ထားသည်။