ကျားငါးမန်း
ငါးမျိုးစိတ် / From Wikipedia, the free encyclopedia
ကျားငါးမန်း (Galeocerdo cuvier) သည် ငါးမန်း မျိုးစိတ်တစ်မျိုးဖြစ်ပြီး Galeocerdo မျိုးစု၏ တစ်ခုတည်းသော အဖွဲ့ဝင်ဖြစ်သည်။ ၎င်းသည် လူသိအများဆုံး ငါးမန်း မျိုးစိတ်များထဲမှ တစ်ခုလည်းဖြစ်သည်။ ကျားငါးမန်းများသည် ခန္ဓာကိုယ် အရှည် ၁၈ ပေ (၅.၅ မီတာ) အထိရှိပြီး အလေးချိန်အားဖြင့် ပေါင်ချိန် ၂၀၀၀ (၉၀၀ ကီလိုဂရမ်) ကျော်အထိ ရှိတတ်ကြသည်။ ကျားငါးမန်းများကို မြေထဲပင်လယ်မှလွဲ၍ ကမ္ဘာ့ ကမ်းရိုးတန်းဒေသများ၏ သမပိုင်းဒေသ နှင့် အပူပိုင်းဒေသ ရေပြင်တစ်လျှောက်တွင် တွေ့ရှိရပြီး ပင်လယ်ရေအနက် ၁၁၅၀ ပေ (၃၅၀ မီတာ) အထိ ကူးခတ်နိုင်သည်ဟု သိရသည်။ ကျားငါးမန်း များသည် အရိုးငါးများ၊ ငါးလိပ်ကျောက်များ ၊ ပြည်ကြီးငါးများ၊ အခွံမာသတ္တဝါများ၊ ပင်လယ်ဖျံများနှင့် လင်းပိုင်များကို အာဟာရအလို့ငှာ အမဲလိုက်၍ စားလေ့ရှိသည်။ ကျားငါးမန်းသည် ခန္ဓာကိုယ်အတွင်း၌ပင် ဥမှ အကောင်ပေါက်သော မျိုးစိတ် ဖြစ်ပြီး တစ်ကြိမ်လျှင် သားလောင်းလေးများ ၁၀ ကောင်မှ ၈၂ ကောင်ထိ မွေးဖွားလေ့ရှိသည်။
ကျားငါးမန်း | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Chondrichthyes |
မျိုးစဉ်: | Carcharhiniformes |
မျိုးရင်း: | Carcharhinidae |
မျိုးစု: | Galeocerdo |
မျိုးစိတ်: | G. cuvier |
ဒွိနာမ | |
Galeocerdo cuvier | |
Tiger shark range | |
Synonyms | |