မဟီတလ အတုလျေတေဇ
From Wikipedia, the free encyclopedia
မဟီဒလ အတုလျတေဇ (အင်္ဂလိပ်: Mahidol Adulyadej; သင်္သကရိုက်: Mahītala Atulyeteja) သည် ယိုးဒယားတိုင်းပြည်၏ ဆောင်လာပြည်နယ်ကို အပိုင်စားရသော မင်းသားဖြစ်သည်။ သူသည် ရာမမင်းဆက်မှ အာနန္ဒာ မဟီဒလ်ဘုရင်နှင့် ဘူမိဗလ် အဒုလျဒေ့က်ျတို့၏ ခမည်းတော်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးနှင့် ခေတ်သစ် ဆေးပညာလောက၏ ဖခင်ဟုလည်း သတ်မှတ်ကြသည်။ လက်ရှိ ထိုင်းတော်ဝင်မိသားစုကို တည်ထောင်သူလည်း ဖြစ်သည်။.[1]
မဟီဒေါလ် အဒုလျဒေခ်ျ Mahidol Adulyadej มหิดลอดุลยเดช | |
---|---|
ယိုးဒယားတိုင်းပြည်၏ မင်းသား ဆောင်ခလာမင်းသား | |
မွေးဖွား | (1892-01-01)၁ ဇန်နဝါရီ၊ ၁၈၉၂ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ယိုးဒယားပြည် |
ကွယ်လွန် | ၂၄ စက်တင်ဘာ၊ ၁၉၂၉(1929-09-24) (အသက် ၃၇) သ ပထုမ်နန်းတော်၊ ဘန်ကောက်မြို့၊ ယိုးဒယားပြည် |
ထာဝရ အိပ်စက်ရာ နေရာ | ၁၆ မတ်လ ၁၉၃၀ Royal Crematorium ဘန်ကောက်မြို့ |
အိမ်ထောင်ဖက် | သီရီနဂရိန္ဒြာ |
သားသမီးများ | ဂလီယယ်နီ ဗာဒါနာ အာနန္ဒာ မဟိုင်ဒေါ (ရာမ၈) ဘူမိဗလအတုလျတေဇ (ရာမ၉) |
စံအိမ် | မဟီဒလ် မျိုးဆက် (ကျကရီမင်းဆက်) |
ခမည်းတော် | စုဠာလင်္ကရဏ (ရာမ ၅) |
မယ်တော် | သဝင် ဝဟာန |
မင်းသားမှာ စုဠာလင်္ကရဏဘုရင်၏ ၆၉ ယောက်မြောက် သားသမီးဖြစ်သည်။ မိဖုရား သာဝန် ဝဟာန၏ ၇ ယောက်မြောက် သားသမီး ဖြစ်သည်။ သူ၏ မယ်တော်မှာ သေဆုံးသွားသော သာမန်မိဖုရားများ၏ သားတော် (၄)ပါးကိုလည်း မွေးစားခဲ့သည်။ ၎င်းတို့အထဲတွင် ရန်ဆစ် ပရာရောဆစ်မင်းသား (နောင်တွင်ချိန်နတ်မင်းသား)မှာ မဟီဒလ်မင်းသား ကလေးဘဝက အရင်းနှီးဆုံး မိတ်ဆွေဖြစ်ခဲ့သည်။ နောင်တွင် မင်းသား မဟီဒေါလ်၏ အလုပ်များ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။