ထိုင်းနိုင်ငံ
စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးနေသည့် မြန်မာနိုင်ငံ၏အိမ်နီးချင်း ၊အရှေ့တောင်အာရှ နိုင်ငံ / From Wikipedia, the free encyclopedia
ထိုင်းနိုင်ငံ သည် အရှေ့တောင်အာရှ တွင်ပါဝင်ပြီး ရုံးသုံးအမည်အားဖြင့် ထိုင်းဘုရင့်နိုင်ငံ (အင်္ဂလိပ်: Kingdom of Thailand) ဟုခေါ်ဝေါ်သည်။ ထိုင်းနိုင်ငံအား ယခင်က သယာမ် (အင်္ဂလိပ်: Siam ဆီယမ်) ဟု ခေါ်ဆိုခဲ့ကြသည်။ အင်ဒိုချိုင်းနားကျွန်းဆွယ် အလယ်ပိုင်း အရှေ့တောင်အာရှ ကုန်းမကြီးတွင် တည်ရှိသည်။ မြောက်ဘက်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့ နှင့် မလေးရှားနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ် နှင့် တောင်ဘက်စွန်းတွင် မြန်မာနိုင်ငံ တို့ တည်ရှိသည်။ ပင်လယ်ရေပိုင်နက် အနေနှင့် အရှေ့တောင်ဘက် ထိုင်းပင်လယ်ကွေ့တွင် ဗီယက်နမ်နိုင်ငံနှင့် လည်းကောင်း၊ အနောက်တောင်ဘက် ကပ္ပလီပင်လယ်တွင် အင်ဒိုနီးရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့နှင့် လည်းကောင်း ထိစပ်လျက် ရှိသည်။
ထိုင်းဘုရင့်နိုင်ငံ
| |
---|---|
ဆောင်ပုဒ်: နိုင်ငံ ဘာသာ ဘုရင် | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘန်ကောက်မြို့ 13°45′N 100°29′E |
ရုံးသုံး ဘာသာစကားများ | ထိုင်းဘာသာ[1] |
Spoken languages | |
လူမျိုးစု (၂၀၁၉) |
|
ကိုးကွယ်မှု | |
Demonym | Thai Siamese (historic) |
အစိုးရ | အကြွင်းမဲ့ စစ်အာဏာရှင် (ဒီ ဖက်တို) အောက်ရှိ ပြည်ထောင်စု ပါလီမန် စည်းမျဉ်းခံဘုရင်စနစ် (ဒီ ဂျူရီ) |
• ဧကရာဇ် | ဝဇိရာလင်္ကရဏ (ရာမ ၁၀) |
• ဝန်ကြီးချုပ် | ဆေထာ ထဝီဆင် |
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
ဆီးနိတ်လွှတ်တော် | |
ကိုယ်စားလှယ်များလွှတ်တော် | |
တည်ထောင်ခြင်း | |
၁၂၃၈–၁၄၄၈ | |
၁၃၅၁–၁၇၆၇ | |
၁၇၆၇–၁၇၈၂ | |
၁၇၈၂ ခုနှစ် ဧပြီလ ၆ ရက် | |
၁၉၃၂ ခုနှစ် ဇွန်လ ၂၄ ရက် | |
• လက်ရှိဖွဲ့စည်းပုံ | ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၅၁၃,၁၂၀ km2 (၁၉၈,၁၂၀ sq mi) (အဆင့်: ၅၀) |
• ရေထု (%) | ၀.၄ (၂,၂၃၀ km2) |
လူဦးရေ | |
• ၂၀၂၁ ခန့်မှန်း | ၆၉,၉၅၀,၈၅၀[3] (အဆင့် - ၂၀) |
• ၂၀၁၀ သန်းခေါင်စာရင်း | ၆၄,၇၈၅,၉၀၉[4] (အဆင့် - ၂၁) |
• သိပ်သည်းမှု | ၁၃၂.၁/km2 (၃၄၂.၁/sq mi) (အဆင့် - ၈၈) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၁,၃၄၀ ဘီလီယံ[5] (အဆင့် - ၂၂) |
• Per capita | $၁၉,၁၆၉[5] (အဆင့် - ၆၉) |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၅၃၆.၈၄၁ ဘီလီယံ[5] (အဆင့် - ၂၅) |
• Per capita | $၇,၆၇၄[5] (အဆင့် - ၈၀) |
Gini (၂၀၁၉) | ၃၄.၉[6] အလယ် |
HDI (၂၀၁၉) | ၀.၇၇၇[7] မြင့် · ၇၉ |
ငွေကြေး | ဘတ် (THB "฿") (THB) |
အချိန်ဇုန် | ICT (UTC+7) |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၆၆ |
Internet TLD |
|
ထိုင်းနိုင်ငံ၏ ဘုရင်မင်းဆက်အား မဟာဝဇိရာလင်္ကရဏဘုရင်မှ ဦးဆောင် အုပ်ချုပ်ပြီး ၂၀၁၆ ခုနှစ်မှစ၍ ရာမ ၁၀ သို့မဟုတ် ချက်ကရီမင်းဆက်၏ ဒသမမြောက် ဘုရင်အဖြစ် အုပ်ချုပ်လျက် ရှိသည်။ ၂၀၁၆ ဒီဇင်ဘာ၁ ရက်မှ စတင်အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် ၁၉၈,၀၀၀ စတုရန်းမိုင် (၅၁၃,၀၀၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသဖြင့် ကမ္ဘာပေါ်တွင် ၅၁ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ၂၀ ခုမြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၆၆ သန်း ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဘန်ကောက်မြို့ ဖြစ်ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်း နှင့် ယဉ်ကျေးမှု အချက်အချာ ဌာနတစ်ခု ဖြစ်သည်။ လူဦးရေ၏ ၇၅-၉၅% အထိမှာ ထိုင်းလူမျိုးများ ဖြစ်ကြပြီး အဓိက ဒေသအလိုက် လူမျိုးအုပ်စုကြီး ၄ မျိုးရှိပြီး အလယ်ပိုင်းထိုင်း၊ အရှေ့မြောက်ထိုင်း (ခေါင်(လောင်)အီစန်)၊ မြောက်ပိုင်းထိုင်း (ခေါင်မောင်း) နှင့် တောင်ပိုင်းထိုင်းတို့ ဖြစ်ကြသည်။ တရုတ်သွေး သိသာစွာ ပါရှိသော တရုတ်ထိုင်းလူမျိုးမှာ လူဦးရေ၏ ၁၄% ရှိပြီး တရုတ်သွေး အနည်းငယ်ပါဝင်သော ထိုင်းလူမျိုးမှာ လူဦးရေ၏ ၄၀% အထိ ရှိသည်။[8] ထိုင်းမလေး လူမျိုးမှာ လူဦးရေ၏ ၃% ရှိပြီး ကျန်ရှိသောသူများမှာ မွန်၊ ခမာ နှင့် အမျိုးမျိုးသော တောင်ကုန်းနေလူမျိုးစုများ ဖြစ်ကြသည်။ နိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ထိုင်းဘာသာစကား ဖြစ်ပြီး အဓိက ကိုးကွယ်သည့် ဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်၍ လူဦးရေ၏ ၉၅% ခန့်မျှ ကိုးကွယ်ကြသည်။
ထိုင်းနိုင်ငံသည် ၁၉၈၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း စီးပွားရေး သိသာစွာ တိုးတက်လာခဲ့ပြီး ကုန်ထုတ်လုပ်ငန်းများ ဖွံဖြိုးသောနိုင်ငံ အသစ်တစ်ခု နှင့် အဓိက ကုန်ပစ္စည်းတင်ပို့သူ တစ်ဦး ဖြစ်လာခဲ့သည်။ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး နှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတို့မှာ စီးပွားရေးတွင် ဦးဆောင်သော ကဏ္ဍများ ဖြစ်သည်။[9][10] အာဆီယံနိုင်ငံ ၁၀ နိုင်ငံထဲတွင် တတိယမြောက် ဘဝ အရည်အသွေး အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နေပြီး ထိုင်းနိုင်ငံ၏ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းမှာ "မြင့်မားသည်" ဆိုသော အဆင့်တွင် ရှိနေသည်။ များပြားသော လူဦးရေနှင့် စီးပွားရေးတွင် ဩဇာလွှမ်းမိုးမှု တိုးတက်လာခြင်း တို့ကြောင့် ဒေသတွင်းနှင့် ကမ္ဘာပေါ်တွင် အင်အားအသင့်အတင့် ရှိသော နိုင်ငံ ဖြစ်လာသည်။[11]