ရန်ကုန်မြို့
မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းနှင့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ / From Wikipedia, the free encyclopedia
ရန်ကုန်မြို့ (အင်္ဂလိပ်: Yangon) သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊ မတ်လ မှ စတင်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နအဖ (SPDC) သည်ရန်ကုန်မှ နေပြည်တော်သို့ မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း၊[2] လူဦးရေ ၇ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေသည်။
ရန်ကုန်မြို့တော် Yangon City မဟာရန်ကုန် | ||
---|---|---|
တိုင်းဒေသကြီးမြို့တော် | ||
ရန်ကုန် | ||
ရန်ကုန်မြို့တော် မြင်ကွင်းအစုံစုံ | ||
| ||
ရန်ကုန်မြို့တည်နေရာ | ||
ကိုဩဒိနိတ်: 16°51′N 96°11′E | ||
နိုင်ငံ | မြန်မာ | |
ဒေသ | အောက်မြန်မာပြည် | |
တိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီး | |
တည်ထောင် | ၆ ရာစု | |
အစိုးရ | ||
• အမျိုးအစား | ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ | |
ဧရိယာ | ||
• မြို့ပေါ် | ၅၉၈.၇၅ စတုရန်းကီလိုမီတာ (၂၃၁.၁၈ စတုရန်းမိုင်) | |
• မြို့ပြကြီး | ၁၀၁၇၀ စတုရန်းကီလိုမီတာ (၃၉၃၀ စတုရန်းမိုင်) | |
လူဦးရေ (၂၀၁၄ သန်းခေါင်စာရင်း) | ||
• မြို့ပေါ် | ၅,၁၆၀,၅၁၂ | |
• မြို့ပေါ် သိပ်သည်းမှု | ၈၆၀၀/km၂ (၂၂၀၀၀/sq mi) | |
• ကျေးလက် | ၂,၂၀၀,၁၉၁ | |
• မြို့ပြကြီး[1] | ၇,၃၆၀,၇၀၃ | |
• မြို့ပြကြီး သိပ်သည်းမှု | ၇၂၀/km၂ (၁၉၀၀/sq mi) | |
• လူမျိုးများ | ဗမာ၊ အိန္ဒိယမြန်မာ၊ ချင်း၊ ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း၊ ကယား၊ ကချင်၊တခြား | |
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ ၉၁% အစ္စလာမ်ဘာသာ ၄.၇% ခရစ်ယာန် ၃.၂% ဟိန္ဒူ ၁.၀% အခြား ၀.၁% | |
အချိန်ဇုန် | အာရှ/ရန်ကုန် (UTC+6:30) | |
ဧရိယာကုဒ်(များ) | ၀၁ | |
ယာဉ်မှတ်ပုံတင် | YGN | |
ဝက်ဘ်ဆိုဒ် | ycdc.gov.mm |
ရန်ကုန်မြို့၏ အခြေခံအဆောက်အဦးသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အဦး အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။[3] လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။