မွန်လူမျိုး
တိုင်းရင်းသား လူမျိုးစု / From Wikipedia, the free encyclopedia
မွန်လူမျိုး (မွန်: ဂကူမည်(ဂကူမန်))သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ လွတ်လပ်ရေးခေတ် မတိုင်ခင်က မွန်တို့ကို တလိုင်းဟု တရုတ်နန်ချောင်တို့က ခေါ်ကြသည်။မြန်မာနိုင်ငံလွတ်လပ်ရေးရမှသာ တလိုင်းမှ မွန်လူမျိုးဟုအမည်ပြောင်းခဲ့သည်။ တစ်ခါက ရာဇာဓိရာဇ် မင်းနှင့် အခြား ဘုန်းတန်ခိုးအာဏာ ကြီးမားသော မင်းများလည်း မွန်လူမျိုးထဲမှ ပေါ်ပေါက်ခဲ့ဖူးပါသည်။ သမိုင်းထဲတွင် မွန်ဘုရင်မကြီး ရှင်စောပုသည်လည်း မြန်မာ့သမိုင်းတွင် တစ်ပါးတည်းသော ဘုရင်မကြီးဖြစ်သည်။ ၎င်း၏သားမက်ဖြစ်သည့် ဓမ္မစေတီမင်းသည်လည်း သာသနာတော် သန့်ရှင်းရေးအတွက် ကြိုးပမ်းခဲ့သူအဖြစ် သမိုင်းတွင် ထင်ရှားပါသည်။[2]
အချက်တိုများ မည် မန် မောန်, လူဦးရေ စုစုပေါင်း ...
မည် မန် မောန် | |
---|---|
လူဦးရေ စုစုပေါင်း | |
c. ၂.၆သန်း | |
အများစု နေထိုင်သည့် နေရာ | |
မြန်မာ | ၂.၀ သန်း[1] |
ထိုင်း | ၅၀၀,၀၀၀[မှတ်စု 1] |
လာအို | ၈,၀၀၀[မှတ်စု 1] |
ဘာသာစကား | |
မွန်၊ ဗမာ၊ ထိုင်း | |
ကိုးကွယ်မှု | |
ထေရဝါဒ ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာ | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
ခမာ နှင့် အခြား ဩစထြိုအေးရှားတစ် ဘာသာစကားပြောဆိုသူများ |
ပိတ်ရန်