ရေကြက်ဒုံ
From Wikipedia, the free encyclopedia
ရေကြက်ဒုံကို သင်္ဘောရေကြက် ဟုလည်း ခေါ်သည်။ သတ္တဗေဒ(ပါဏဗေဒ) အလိုအရ ရေကြက်ဒုံ ကို ဖူလီကာအက်ထရာ ဟုခေါ်သည်။ ထိုငှက်သည် ရယ်လီဒီး မျိုးရင်းတွင် ပါ၏။ ရေကြက်ဒုံ၏ ကိုယ်အလျား သည် ၁၆ လက်မရှိ၏။ ငှက်ငယ်များ၏ ကိုယ်အပေါ်ပိုင်းသည် ညို၍ အောက်ပိုင်းသည် အရောင်ဖျော့ကာ အဖြူရောင်များနှင့် ရောနေသည်။ ရေကြက်ဒုံ၏ အသံမှာ စူး၍ ကျယ်သော 'ကရော-ကရော' ဟူသည့် အသံဖြစ်သည်။ သို့သော် အချင်းချင်း သိနားလည်အောင် ပြောဆိုသည့်အသံ မြောက်မြားစွာ ရှိသေးသည်။ အခြားရေကြက်မျိုးထက် ပို၍ ရေကို ကြိုက်နှစ်သက်သဖြင့် ကြီးမားသည့် ထုံးအိုင်များတွင် ရေကြက်ဒုံသည် အနေများ၏။ နေ့ခင်းပိုင်းတွင် ရေထဲ၌ ကူးခတ်နေပြီးလျှင် အစာအတွက် ရေတွင်ငုပ်နေကြသော ရေကြက်ဒုံများကို မြင်နိုင်ပေ သည်။ နံနက်နှင့် ညနေပိုင်းများတွင်မူ ကွင်းပြင်များသို့ သွားတတ်ကြပြီးလျှင် ပိုးကောင်၊ ခရု၊ ပက်ကျိနှင့် အပင်ငယ်များကို ရှာဖွေစားသောက်ကြသည်။ ရေကြက်ဒုံငှက် ပျံသောအခါ လေးလံသည့် ခြေထောက်ကြီးများကို နောက်သို့ပစ်၍ ပျံသန်းတတ်သည်။
Fulica atra | |
---|---|
Call recorded in Sydney, Australia | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Gruiformes |
မျိုးရင်း: | Rallidae |
မျိုးစု: | Fulica |
မျိုးစိတ်: | F. atra |
ဒွိနာမ | |
Fulica atra | |
Range Breeding Resident Non-breeding Vagrant (seasonality uncertain) | |
Synonyms | |
|
ရေကြက်ဒုံသည် ဥရောပတိုက်၊ အာရှတိုက်၊ ဟိမဝန္တာတောင်၏ မြောက်ဘက်ရှိ ဒေသများ၊ အာရေဗျ၊ ဆဟာရ သဲကန္တာရ၏ မြောက်ဘက်ရှိ အာဖရိကတိုက်၊ အာရှတိုက်နှင့် ဥရောပတိုက်တို့၏ အာတိတ်ဒေသများတွင် နေထိုင်သောငှက်မျိုး ဖြစ်သည်။ ဆောင်းရာသီတွင် ရေကြက်ဒုံသည် အပူလျော့ပိုင်း ဒေသများသို့ ပြောင်းရွှေ့ကာ နေထိုင်ကြသည်။ အေးသည့် ရာသီတွင် သင့်တော်သော ထုံးအိုင်များတွင် ရေကြက်ဒုံငှက်များကို အတွေ့ရများသော်လည်း သားပေါက်သည့် အထောက်အထားကိုမူ မတွေ့ရချေ။ လူရှိုင်းနယ်ခြားအနီး ချင်းတောင်များရှိ ရေအိုင်တစ်ခုတွင် သားပေါက်တတ်သည်ဟူ၍ကား ငှက်ပါရဂူတစ်ဦးက ယူဆလေသည်။ ထို့အပြင် မန္တလေးခရိုင်၊ မောင်းမကန် ထုံးအိုင်၌ ရေကြက်ဒုံများကို တစ်နှစ်ပတ်လုံး တွေ့ရသည်ဟု ဆိုလေသည်။[2]