ဝီကီမျိုးစိတ်
မည်သူမဆို လွတ်လပ်စွာ ပြင်ဆင်တည်းဖြတ်နိုင်သော မျိုးစိတ်များဆိုင်ရာ အွန်လိုင်း လမ်းညွှန် / From Wikipedia, the free encyclopedia
ဝီကီမျိုးစိတ် (အင်္ဂလိပ်: WikiSpecies) သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီထားသည့် wiki-အခြေပြု အွန်လိုင်းစီမံကိန်းတစ်ခုဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ဇီဝမျိုးစိတ်များအားလုံး၏ အချက်အလက်အကြောင်းအရာများ ပြည့်စုံမှုရှိသည့် အခမဲ့-စာရင်းတစ်ခုပြုစုရန်ဖြစ်သောကြောင့် ဤပရောဂျက်သည် သာမန်ပြည်သူများထက် သိပ္ပံပညာရှင်များအတွက် ပို၍ရည်ရွယ်ထားကြောင်းတွေ့နိုင်သည် ။ ဂျင်မီဝေးလ်စ်မှ ပြင်ဆင်တည်းဖြတ်ကြမည့်သူများအနေဖြင့် ဘွဲ့ဒီဂရီများအား ဖက်စ် ပို့ပေးရန် မလိုအပ်သော်လည်း ထည့်သွင်းတင်ပြချက်များအား နည်းပညာပရိသတ်များဖြင့် စုစည်းပြုစုရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။[1][2] ဝီကီမျိုးစိတ် ကို GNU Free Documentation License နှင့် CC BY-SA 3.0 အောက်တွင် ရရှိနိုင်သည်။
မေ ၃၊ ၂၀၁၁ တွင်ရိုက်ကူးထားသော (species.wikimedia.org)မှ ဝက်ဘ်ဗဟိုစာမျက်နှာမြင်ကွင်း | |
ဝဘ်ဆိုဒ် အမျိုးအစား | ဇီဝမျိုးကွဲ မျိုးစိတ်လမ်းညွှန် |
---|---|
ပိုင်ဆိုင်သူ | ဝီကီမီဒီယာ ဖောင်ဒေးရှင်း |
ဖန်တီးသူ | Benedikt Mandlမှ (၂၀၀၄ ခုနှစ်တွင် အဆိုပြုခဲ့သည့် ပရောဂျက်)။ ။ ဂျင်မီဝေးလ်စ် နှင့် ဝီကီမီဒီယာအသင်းအဖွဲ့ |
ဝဘ်ဆိုဒ် | species.wikimedia.org |
စီးပွားရေး | မဟုတ် |
မှတ်ပုံတင်ခြင်း | ဆန္ဒအလျောက် |
လွှင့်တင်ခြင်း | ၂၀၀၄ ခုနှစ် |
၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာတဝှမ်းမှ ဇီဝဗေဒပညာရှင်တွေအား ကူညီထောက်ပံ့ပေးရန် စတင်ဖိတ်ခေါ်ခဲ့ပြီး[3]၊ အဆိုပါပရောဂျက်မှာ လင်းနီးယပ်၏ ဇီဝမျိုးရိုးခွဲခြား အမည်ပေးစနစ် လွှမ်းခြုံမှုရှိသည့် မူဘောင် အသုံးပြုကာ ဝီကီပီးဒီးယားရှိ မျိုးစိတ်တစ်ခုချင်း ဆောင်းပါးများဖြင့် ၎င်းထံ ချိတ်ဆက်ခြင်းဖြင့် ၂၀၀၅ ခုနှစ် ဧပြီလ မှစ၍ ဖွံ့ဖြိုးလာခဲ့သည်။[2]