ဝီကီမီဒီယာ ဖောင်ဒေးရှင်း
အမေရိကန်နိုင်ငံအခြေစိုက်အဖွဲ့အစည်း / From Wikipedia, the free encyclopedia
ဝီကီမီဒီယာ ဖောင်ဒေးရှင်း (အင်္ဂလိပ်: Wikimedia Foundation; အတိုကောက် WMF) သည် အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဝီကီများစွာကို စီမံခန့်ခွဲနေသည်။ ဌာနချုပ်မှာ ဆန်ဖရန်စစ္စကိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ် တွင် တည်ရှိသည်။ ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှာ အင်တာနက် စွယ်စုံကျမ်း ဝီကီပီးဒီးယားကို လွှင့်တင်သည့် အဖွဲ့အစည်းအဖြစ် လူသိများသည်။ ဝီကီပီးဒီးယားအပြင် ဝစ်ရှင်နရီ၊ ဝီကီကိုးကား၊ ဝီကီစာအုပ်၊ ဝီကီရင်းမြစ်၊ Wikimedia Commons၊ ဝီကီမျိုးစိတ်၊ ဝီကီသတင်း၊ ဝီကီဗာစတီ၊ ဝီကီဒေတာ၊ ဝီကီခရီးသွား၊ Wikimedia Incubator နှင့် မေတာ-ဝီကီ တို့ကိုလည်း စီမံခန့်ခွဲလျက်ရှိသည်။
ဖွဲ့တည်ချိန် | စိန့်ပီတာစဘတ်မြို့, ဖလော်ရီဒါပြည်နယ်၊ အမေရိကန်။ ဇွန် ၂၀၊ ၂၀၀၃ (၂၀၀၃-၀၆-၂၀) |
---|---|
တည်ထောင်သူ | ဂျင်မီဝေးလ်စ် |
အမျိုးအစား | အကျိုးအမြတ်မယူသော အဖွဲ့အစည်း |
ရည်ရွယ်ချက် | အခမဲ့၊ open content၊ ဝီကီအခြေပြု အင်တာနက် ပရောဂျက်များ |
တည်နေရာ |
|
ဝန်ဆောင်မှုဒေသ | ကမ္ဘာတစ်ဝန်း |
ဝန်ဆောင်မှုနည်းလမ်း | ဝီကီပီးဒီးယား၊ ဝစ်ရှင်နရီ၊ ဝီကီကိုးကား၊ ဝီကီစာအုပ်၊ ဝီကီရင်းမြစ်၊ Wikimedia Commons၊ ဝီကီမျိုးစိတ်၊ ဝီကီသတင်း၊ ဝီကီဗာစတီ၊ ဝီကီဒေတာ၊ Wikivoyage၊ Wikimedia Incubator နှင့် မေတာ-ဝီကီ |
အရေးကြီးပုဂ္ဂိုလ်များ | Patricio Lorente (ဘုတ်အဖွဲ့ဥက္ကဋ္ဌ)[1] Lila Tretikov (အမှုဆောင်ဒါရိုက်တာ) |
ဘဏ္ဍာရေး | US$ ၄၈.၆ သန်း[2] |
ကုန်ကျစရိတ်များ | $၃၅.၇ သန်း[2] |
အလုပ်သမား | ၂၇၅ ဦးဝန်းကျင် (၂၀၁၅ ဩဂုတ်လအထိ)[3] |
စေတနာ့ဝန်ထမ်း | ၃၅၉,၀၀၀ (၂၀၀၅)[4] |
ဝက်ဘ်ဆိုဒ် | wikimediafoundation.org |
အဖွဲ့အစည်းကို ၂၀၀၃ ခုနှစ်တွင် ဝီကီပီးဒီးယား တွဲဖက်တည်ထောင်သူ ဂျင်မီဝေးလ်စ်မှ ဝီကီပီးဒီးယားနှင့် အခြားသော ညီအစ်မပရောဂျက်များကို အကျိုးအမြတ်မယူသောနည်းဖြင့် ရန်ပုံငွေပံ့ပိုးနိုင်ရန်အတွက် တည်ထောင်ခဲ့သည်။[5][6]
၂၀၁၅ ခုနှစ်တွင် ဖောင်ဒေးရှင်း၌ ဝန်ထမ်းပေါင်း ၂၅၀ ခန့်ရှိပြီး နှစ်စဉ်ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ရရှိနေပြီဖြစ်သည်။[7] ဖောင်ဒေးရှင်းကို Lila Tretikov က အမှုဆောင်ဒါရိုက်တာအနေဖြင့် ဦးဆောင်ကာ Patricio Lorente က ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။