အင်တာနက် ဆင်ဆာပြုလုပ်ခြင်း
သုတစွယ်စုံ / From Wikipedia, the free encyclopedia
အင်တာနက် ဆင်ဆာလုပ်ခြင်း ဆိုသည်မှာ အင်တာနက်ပေါ်တွင် သတင်းအချက်အလက်များကို ထုတ်ဝေခြင်း သို့မဟုတ် ရယူခြင်းတို့တွင် ထိန်းချုပ်ထားခြင်း သို့မဟုတ် ဖုံးဖိထားခြင်း ဖြစ်သည်။ ဥပဒေဆိုင်ရာ အကြောင်းများမှာ အင်တာနက်လိုင်းပေါ်တွင်မဟုတ်သော ဆင်ဆာပြုလုပ်ခြင်းနှင့် အလားတူသည်။ ခြားနားမှုတစ်ခုမှာ နိုင်ငံ စည်းခြားခြင်းများသည် အွန်လိုင်းတွင် ပို၍ ထိုးဖောက် ပျံ့နှံ့နိုင်သည်။ နိုင်ငံရှိ နေထိုင်သူများအား ပိတ်ပင်ထားသော အချို့သတင်းအချက်အလက်များကို နိုင်ငံပြင်ပမှ တင်ဆက်သော ဝက်(ဘ်)ဆိုဒ်များတွင် ရရှိနိုင်သည်။ အုပ်ချုပ်သူအစိုးရ တစ်ခုသည် ဝက်(ဘ်)ဆိုဒ်များအပေါ် ၎င်းတို့ကိုယ်တိုင် ထိန်းချုပ်ခြင်းမရှိလျှင်ပင် ၎င်း၏ နိုင်ငံသားများကို ထိုသို့သော သတင်းအချက်အလက်များကို ကြည့်ရှုခြင်းမှကာကွယ်ရန် ကြိုးစားနိုင်သည်။ စစ်ထုတ်ခြင်းကို အမည်ပျက်စာရင်း တစ်ခု ကို အခြေခံ၍ ပြုလုပ်နိုင်သည် သို့မဟုတ် ပြောင်းလဲနေနိုင်သည်။ အမည်ပျက်စာရင်းကို အသုံးပြုရာတွင် စာရင်းသည် ပုံမှန်အားဖြင့် ထုတ်ဝေမထားပေ။ စာရင်းကို လူအားဖြင့်သော်လည်းကောင်း၊ အလိုအလျောက်သော်လည်းကောင်း ပြုစုနိုင်သည်။
မြောက်ကိုရီးယားကဲ့သို့သော နိုင်ငံတွင် အင်တာနက် ချိတ်ဆက်ထားသော ကွန်ပျူတာများကို လုံးလုံးလျားလျား ထိန်းချုပ်မှုပြုရာတွင် အင်တာနက်၏ အခြေခံ ဖြန့်ချိရေး နည်းပညာကြောင့် အင်တာနက်ပေါ်ရှိ သတင်းအချက်အလက်များကို လုံးလုံးလျားလျား ဆင်ဆာလုပ်နိုင်ရန် အလွန်ခက်ခဲသည် (သို့မဟုတ် ဖြစ်နိုင်ခြေမရှိပါ)။ အမည်ဝှက်များအသုံးပြုမှုနှင့် အကာအကွယ်ရယူထားသော အချက်အလက်များပါသည့် ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာကွန်ယက် ဖြစ်သည့် data havens များ(ဥပမာ ဖရီးနက်(Freenet))တို့သည် မည်သည့်အခြေအနေတွင်မဆို လွတ်လပ်စွာ ပြောဆိုနိုင်ရန် အခွင့်အရေး ရစေသည်။ တင်ပြမှုကို ဖယ်ရှားခြင်း မခံရစေရန်နှင့် စာရေးသူ၏ မည်သည့် သတင်းအချက်အလက်မဆိုသည် ၎င်း၏ အမှန်တကယ် မည်သူမည်ဝါဖြစ်မှုနှင့် မည်သည့် အဖွဲ့အစည်းမှဖြစ်မှုသို့ ချိတ်ဆက်ခြင်း မဖြစ်နိုင်ရန် နည်းပညာမှ အာမခံထားသောကြောင့် ဖြစ်သည်။
အချို့ကိစ္စများတွင် အင်တာနက် ဆင်ဆာပြုလုပ်ခြင်းသည် လှည့်ဖြားမှု ပါဝင်နိုင်သည်။ ထိုသို့သော ဖြစ်ရပ်များတွင် ဆင်ဆာပြုလုပ်ခြင်း အာဏာပိုင်များသည် ပြည်သူအများကိုမူ ဆင်ဆာပြုလုပ်မှု မပြုလုပ်ပါကြောင်း ယုံကြည်စေရန် သွေးဆောင်လျက် ပါဝင်သည့်အကြောင်းအရာများကို ပိတ်ဆို့ထားနိုင်သည်။ ဤသို့ပြုလုပ်ရန် “မတွေ့ပါ” ဆိုသည့် အမှားသတင်းပို့ချက် အတုကို ပေးသော ISP ကို ထားရှိနိုင်သည်။ တကယ်တန်းတွင်မူ တွေ့ရှိသော်လည်း ပိတ်ဆို့ထားခြင်းသာ ဖြစ်သည်။ (အသေးစိတ်ကို ၄၀၄ အမှား(404 error) တွင် ကြည့်ရှုပါ။) ၂၀၀၇ခုနှစ် နိုဝင်ဘာလတွင် “အင်တာနက်ဖခင်ကြီး” ဗင့်ဆာ့(ဖ်) (Vint Cerf)သည် အစိုးရက ဦးဆောင်သော အင်တာနက်ထိန်းချုပ်ရေး ကျဆုံးနေခြင်းသည်ု ပုဂ္ဂလိက ပိုင်ဆိုင်မှုကြောင့် ဟု ၎င်းမြင်ကြောင်း ပြောဆိုခဲ့သည်။ အင်တာနက် ကျွမ်းကျင်သူပေါင်း များစွာက “ကွန်ယက်ခွဲ” (splinternet) ဟူသည့် ဝေါဟာရကို နိုင်ငံများတွင် အရံအတားများ ထားခြင်း၏ အကျိုးသက်ရောက်မှုများကို ဖော်ပြရာ၌ အသုံးပြုကြသည်။ ၂၀၀၆ ခုနှစ်တွင် ပြင်သစ်အခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်အဖြစ် အင်တာနက်၏ ရန်သူတော်များ စာရင်းအား ထုတ်ပြန်ခဲ့သည်။[1]
လက်ရှိ အင်တာနက် ရန်သူတော်များ[2][3]
အတိတ်မှ အင်တာနက်၏ ရန်သူတော်များ |
လက်ရှိ စောင့်ကြည့်ခံရသော နိုင်ငံများ:[2]
အတိတ်က စောင့်ကြည်ခံနိုင်ငံများ:
|