အာဆီယံဘောလုံးအဖွဲ့ချုပ်
From Wikipedia, the free encyclopedia
အာဆီယံဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: ASEAN Football Federation; အတိုကောက် AFF) သည် အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်ခွဲတစ်ခု ဖြစ်သည်။ အာဆီယံဒေသကို ဗဟိုပြုကာ ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများဖြင့် စတင်တည်ထောင်ခဲ့သည်။ အာဆီယံမှာ အရှေ့တောင်အာရှနိုင်ငံများအသင်းဟု ဆိုသော်လည်း အရှေ့တီမောနှင့် ဩစတြေးလျတို့လည်း အဖွဲ့ချုပ်တွင် ပါဝင်သည်။[1]
အချက်တိုများ ဖွဲ့စည်းခြင်း, အမျိုးအစား ...
AFF အမှတ်တံဆိပ် | |
ဖွဲ့စည်းခြင်း | ၃၁ ဇန်နဝါရီ ၁၉၈၄[1] |
---|---|
အမျိုးအစား | အားကစားအဖွဲ့ချုပ် |
ဌာနချုပ် | ပီတလင်း ဂျာယားမြို့ ဆလန်ဂေါ |
အဖွဲ့ဝင်များ | အဖွဲ့ဝင်၁၂နိုင်ငံ |
ဗိုလ်ချုပ် ကီအတ် စာမတ်[2] | |
ဝက်ဘ်ဆိုဒ် | aseanfootball.org/v3/ |
ပိတ်ရန်
၁၉၉၆ ခုနှစ်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ ပါဝင်လာသည်။ ၂၀၀၄ တွင် အရှေ့တီမော၊ ၂၀၁၃ တွင် ဩစတြေးလျတို့ အသီးသီး ပါဝင်လာသည်။
၁၉၉၆ တွင် ထိုစဉ်က တိုက်ဂါးဖလားဟု လူသိများသော အရှေ့တောင်အာရှချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ (AFF Championship) ကို စတင်ကျင်းပခဲ့သည်။