အာဖရိကတိုက်ရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများ စာရင်း
From Wikipedia, the free encyclopedia
ဤစာရင်းသည် အာဖရိကတိုက်ရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများစာရင်းဖြစ်သည်။ ဤစာရင်းတွင် လုံးဝအသိအမှတ်ပြုနိုင်ငံများ၊ အကန့်အသတ် သို့မဟုတ် လုံးဝအသိအမှတ်ပြုခြင်းမခံရသော နိုင်ငံများနှင့် အာဖရိကနိုင်ငံနှင့် အာဖရိကနိုင်ငံမဟုတ်သော နိုင်ငံများ၏ အမှီအခိုနယ်မြေများပါဝင်သည်။ ဤစာရင်း၌ အချုပ်အခြာအာဏာပိုင် နိုင်ငံ ၅၆ ခု( ၅၄ နိုင်ငံမှ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ)၊ အာဖရိကမဟုတ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ အမှီအခိုနယ်မြေ ၂ ခုနှင့် အာဖရိကမဟုတ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ နိုင်ငံတော်ဒေသခွဲ ၉ ခုကို စာရင်းပြုစုထားခြင်းဖြစ်သည်။
ဥရောပတိုက်မကြီးထက် အာဖရိကတိုက်မကြီးနှင့် ပို၍နီးကပ်သည်ဟု အချို့က ယူဆကြသော မော်လတာနိုင်ငံနှင့် ပြင်သစ်နိုင်ငံ၊ အီတလီနိုင်ငံ၊ ပေါ်တူဂီနိုင်ငံနှင့် စပိန်နိုင်ငံတို့၏ အစိတ်အပိုင်းများသည် အာဖရိကတိုက်ကျောက်လွှာတွင်ရှိသော်လည်း နိုင်ငံရေးအရ သဘောတူညီချက်များဖြင့် ဥရောပအဖြစ် ယေဘုယျအားဖြင့် မှတ်ယူကြသည်။ အီဂျစ်နိုင်ငံသည် အာရှတိုက်ရှိ ဆိုင်းနိုင်းကျွန်းဆွယ်တွင် နယ်မြေများကျယ်ပြန့်သော်လည်း အာဖရိကနိုင်ငံအဖြစ် မှတ်ယူသည်။