မော်လတာနိုင်ငံ
From Wikipedia, the free encyclopedia
မော်လတာနိုင်ငံ၏ တရားဝင်အမည်မှာ မော်လတာ သမ္မတနိုင်ငံဖြစ်ပြီး တောင်ဥရောပတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ မြေထဲပင်လယ် အတွင်းရှိ ကျွန်းစုတစ်ခု ပေါ်တွင် တည်ရှိပြီး စစ္စလီကျွန်း၏ တောင်ဘက် ၉၃ ကီလိုမီတာ၊ တူနီးရှားနိုင်ငံ၏ အရှေ့ဘက် ၂၈၈ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ဂျီဘရော်လ်တာ ရေလက်ကြားမှာ အနောက်ဘက် ၁၈၂၆ ကီလိုမီတာ အကွာတွင် ရှိပြီး အလက်ဇန္ဒရီးယားမြို့မှာ အရှေ့ဘက် ၁၅၁၀ ကီလိုမီတာ အကွာတွင် ရှိသည်။
မော်လတာ သမ္မတနိုင်ငံ Repubblika ta' Malta (မောတီးစ်) | |
---|---|
ဆောင်ပုဒ်: Virtute et constantia "With strength and consistency" | |
နိုင်ငံတော် သီချင်း: L-Innu Malti The Maltese Hymn | |
မော်လတာနိုင်ငံ၏ တည်နေရာ (အစိမ်းရောင်စက်ဝိုင်း) – ဥရောပတိုက်အတွင်း (အစိမ်းနု နှင့် မီးခိုးရင့်) | |
မြို့တော် | ဗယ်လက်တာမြို့ 35°54′N 14°31′E |
အကြီးဆုံးမြို့ | စိန့်ပေါလ်ပင်လယ်အော်မြို့ |
ရုံးသုံး ဘာသာစကားများ | မော်လတာ[d]၊ အင်္ဂလိပ် |
လူမျိုးစု (၂၀၁၉[1]) | |
ကိုးကွယ်မှု | ၉၀% ခရစ်ယာန်ဘာသာ —၈၃% ရိုမန်ကက်သလစ် |
Demonym | Maltese |
အစိုးရ | ပြည်ထောင်စု ပါလီမန် ဖွဲ့စည်းပုံ သမ္မတနိုင်ငံ |
• သမ္မတ | George Vella |
• ဝန်ကြီးချုပ် | Robert Abela |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
လွတ်လပ်ရေးရ ယူနိုက်တက် ကင်းဒမ်းမှ | |
၁၉၆၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက် | |
• သမ္မတနိုင်ငံ | ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၃၁၆[2] km2 (၁၂၂ sq mi) (အဆင့်: ၁၈၅) |
• ရေထု (%) | ၀.၀၀၁ |
လူဦးရေ | |
• ၂၀၁၉ ခန့်မှန်း | ၅၁၄,၅၆၄[3] (အဆင့် - ၁၇၃) |
• ၂၀၁၁ သန်းခေါင်စာရင်း | ၄၁၇,၄၃၂[4] |
• သိပ်သည်းမှု | ၁,၆၃၃/km2 (၄,၂၂၉.၅/sq mi) (အဆင့် - ၄) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၂၂.၈၀၂ ဘီလီယံ[5] |
• Per capita | $၄၈,၂၄၆[5] |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၁၅.၁၃၄ ဘီလီယံ[5] |
• Per capita | $၃၂,၀၂၁[5] |
Gini (၂၀၁၉) | ၂၈.၀[6] နိမ့် · ၁၅ |
HDI (၂၀၁၉) | ၀.၈၉၅[7] အလွန်မြင့် · ၂၈ |
ငွေကြေး | ယူရို (€) (EUR) |
အချိန်ဇုန် | CET (UTC+1) |
• နွေရာသီ (DST) | CEST (UTC+2) |
ရက်စွဲပုံစံ | dd/mm/yyyy (AD) |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၃၅၆ |
သူတော်စင်များ | Paul the Apostle, Saint Publius, and Agatha of Sicily[8] |
Internet TLD | .mt[c] |
ဝက်ဘ်ဆိုဒ် gov.mt | |
မော်လတာနိုင်ငံသည် စတုရန်းကီလိုမီတာ ၃၀၀ မျှသာရှိသဖြင့် ကမ္ဘာပေါ်တွင် အငယ်ဆုံးနှင့် လူဦးရေ အထူထပ်ဆုံး နိုင်ငံများတွင် တစ်ခု အပါအဝင်ဖြစ်သည်။ မြို့တော်မှာ ဗယ်လက်တာမြို့ ဖြစ်ပြီး အကြီးဆုံးမြို့မှာ ဘာကာကရာမြို့ ဖြစ်သည်။ ပင်မကျွန်းပေါ်တွင် မြို့ငယ်ပေါင်း မြောက်မြားစွာ ရှိပြီး ၎င်းတို့အားလုံး စုပေါင်း၍ မြို့ပြ ဧရိယာကြီး တစ်ခု အဖြစ် တည်ရှိသည်။ ယူရိုစတက် စာရင်းအရ ထိုနေရာတွင် လူဦးရေ ၃၆၈,၂၅၀ ရှိပြီး နိုင်ငံအတွင်းရှိ လူဦးရေ၏ အများစု ဖြစ်သည်။ နိုင်ငံအတွင်း မော်လတိစ် နှင့် အင်္ဂလိပ်ဘာသာ နှစ်ဘာသာကို ရုံးသုံးဘာသာစကား အဖြစ် သုံးစွဲကြပြီး မော်လတိစ်ကို အမျိုးသား ဘာသာစကား အဖြစ် မှတ်ယူကြသည်။