၁၉၉၄ အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၁၉၉၄ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1994 Asian Games) သည် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ ၌ ၁၉၉၄ခုနှစ် အောက်တိုဘာ ၂ရက်နေ့မှ အောက်တိုဘာ ၁၆ရက်နေ့အထိ ကျင်းပခဲ့သော ၁၂ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဂျပန်နိုင်ငံသည် ၁၉၅၈ နှင့် ၁၉၈၆ ပွဲတော်များကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၉၄ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဧကရာဇ် အာကီဟီတိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | ဟီရိုရှီးမားမြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၄၂ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၆,၈၂၈ | ||
ကစားပွဲအမျိုးအစား | ၃၃၇ (၃၄နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၂ အောက်တိုဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၆ အောက်တိုဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | အာကီဟီတို (ဧကရာဇ်) | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Ahmad Al-Fahad Al-Sabah အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ | ||
Athlete's Oath | Ryohei Koba | ||
Torch Lighter | Aki Ichijo Yasunori Uchitomi | ||
အဓိကအားကစားကွင်း | ဟီရိုရှီးမားဥယျာဉ် ပင်မအားကစားကွင်း]] | ||
|
နိုင်ငံ (၄၂)နိုင်ငံမှ အားကစားသမား (၆,၈၂၈)ဦးတို့သည် အားကစားနည်း (၃၄)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဟီရိုရှီးမားဥယျာဉ် ပင်မအားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
ယခုပွဲတော်၏ အဓိက ရည်ရွယ်ချက်မှာ အာရှနိုင်ငံများအကြား ငြိမ်းချမ်းမှုနှင့် သဟဇာတရှိမှုကို ဖော်ညွှန်းသည်။[1] ၁၉၄၅ခုနှစ်တွင် ဟီရိုရှီးမားမြို့ ဗုံးကြဲခံခဲ့ရပြီး ယခုပွဲတော်ကျင်းပသည့် ၁၉၉၄ခုနှစ်သည် (၄၉)နှစ်ပြည့်သည့် ခုနှစ်လည်းဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ကာဇက်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ တာ့ခ်မင်နစ္စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ တို့၏ အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။[2]