တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်း
နိုင်ငံတော်သီချင်း / From Wikipedia, the free encyclopedia
ဆန်မင်ကျူယီခေါ် လူထုစည်းမျဉ်းသုံးရပ်သည် ကူမင်တန်၏ ပါတီသီချင်းနှင့် တရုတ်သမ္မတနိုင်ငံမှ ၁၉၃၀ ခုနှစ်တွင် လက်ခံကျင့်သုံးခဲ့သော နိုင်ငံတော်သီချင်းလည်းဖြစ်သည်။ တရုတ်သမ္မတနိုင်ငံ၏ အစိုးရသည် တရုတ်ပြည်တွင်းစစ်တွင် တရုတ်ကွန်မြူနစ်ပါတီကို ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်ကျွန်းသို့ ပြောင်းရွှေ့သွားသည့် ၁၉၄၉ ခုနှစ်အထိ တရုတ်ပြည်မကြီးတွင် အသုံးပြုခဲ့သည်။ ဂျပန်တို့လက်နက်ချပြီးနောက် နိုင်ငံတော်သီချင်းကို ၁၉၄၅ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထိုင်ဝမ်၌အတည်ပြုခဲ့သည်။ ဤသီချင်းသည် ယခင်ကနိုင်ငံတော်သီချင်းအဖြစ် အသုံးပြုခဲ့သော "မင်္ဂလာရှိသောတိမ်တိုက်ဆီသို့ သီချင်း" ကို အစားထိုးခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် "စေတနာ့ဝန်ထမ်းများ၏ ချီတက်ပွဲ" သီချင်းသစ်ဖြင့် ဤနိုင်ငံတော်သီချင်းကို ဖျက်သိမ်းလိုက်သည်။
English: National Anthem of the Republic of China | |
---|---|
中華民國國歌 Zhōnghuá Mínguó Guógē | |
သီချင်းစာရွက် | |
ကွန်မင်တန်၏ ပါတီသီချင်း တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်း | |
စာသား | ဆွန်ယက်ဆင်, ၁၉၂၄[မှတ်စု 1] |
ဂီတ | ချွန်မောက်ယွန်း, ၁၉၂၈ |
အတည်ပြုခြင်း | ၁၉၃၀ (တရုတ်ပြည်မတွင်) ၁၉၄၅ (ထိုင်ဝမ်တွင်) |
စွန့်လွှတ်ခြင်း | ၁၉၄၉ (တရုတ်ပြည်မတွင်) |
အသံနမူနာ | |
တရားဝင်သံစုံတီးဝိုင်းတီးမှုတ်ခြင်း | |
နိုင်ငံတော်သီချင်း၏စာသားကို ၁၉၃၇ ခုနှစ်တွင် ဆွန်ယက်ဆင်၏ ၁၉၂၄ ခုနှစ် မိန့်ခွန်းမှ ရယူထားသည်။ စာသားများသည် နိုင်ငံသစ်၏မျှော်မှန်းချက်များကို ထိုနိုင်ငံ၏လူမျိူးများက အောင်မြင်စွာ ရယူထိန်းသိမ်းနိုင်ပုံကို ဖော်ပြလျက်ရှိသည်။[1] "ဆန်မင်ကျူယီ" ဟု လူသိများသော်လည်း ထိုအမည်ကို တရားဝင်သုံနှုန်းမှုမရှိပေ။ အလံလွှင့်တင်ခြင်းအခမ်းအနားများအတွင်း နိုင်ငံတော်အလံမလွှင့်ထူမီ နိုင်ငံတော်အလံသီချင်းကို ဦးစွာတီးမှုတ်ပြီး နိုင်ငံတော်အလံကိုလွှင့်ထူနေစဉ် တရုတ်သမ္မတနိုင်ငံ၏ အလံတင်သီချင်းကိုတီးမှုတ်သည်။