ထိုင်ဝမ်ကျွန်း၏ ပထဝီဝင်
အရှေ့အာရှရှိကျွန်း၊ တရုတ်သမ္မတနိုင်ငံ အုပ်ချုပ်ရာဒေသ / From Wikipedia, the free encyclopedia
ထိုင်ဝမ်ကျွန်းသည် အာရှတိုက်၏ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်တွင် တည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်ပြီး ဧရိယာမှာ 36,188 စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ လက်ရှိတွင် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) (ထိုင်ဝမ်၏ တရားဝင်နိုင်ငံတော်အမည်) (Republic of China, ROC) အစိုးရမှ အုပ်ချုပ်လျက်ရှိသည့် နိုင်ငံဖြစ်သည်။
ထိုင်ဝမ်၏ ပထဝီဝင် | |
---|---|
ဒေသ | အရှေ့အာရှ |
ဧရိယာ | အဆင့် 138 |
• စုစုပေါင်း | ၃၅,၉၈၀ km2 (၁၃,၈၉၀ sq mi) |
• ကုန်းမြေ | 89.7% |
• ရေထု | 10.3% |
ကမ်းရိုးတန်း | ၁,၅၆၆.၃ km (၉၇၃.၃ mi) |
အမြင့်ဆုံးအမှတ် | ယူရှန်း ၃,၉၅၂ m (၁၂,၉၆၆ ft) |
ရာသီဥတု | အပူပိုင်းအဏ္ဏဝါရာသီဥတု[1] |
သဘာဝ အရင်းအမြစ်များ | ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ ထုံးကျောက်၊ စကျင်ကျောက်၊ ကျောက်ဂွမ်း အနည်းငယ်၊ စိုက်ပျိုးနိုင်သောမြေများ[1] |
ပတ်ဝန်းကျင်အခြေအနေ | လေထုညစ်ညမ်းမှု၊ စက်မှုထုတ်လွှတ်မှုနှင့် မိလ္လာအညစ်အကြေးများမှ ရေထုညစ်ညမ်းမှု၊ သောက်သုံးရေညစ်ညမ်းမှု၊ မျိုးသုဉ်းလုနီးပါး တိရိစ္ဆာန်မျိုးစိတ်များ ရောင်းဝယ်ဖောက်ကားမှု၊ အဆင့်နိမ့် ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်း၊[1] |
ထိုင်ဝမ် | |||||||||||||||||||||||||||||||||||||||
ရိုးရာ တရုတ် | 臺灣/台灣 | ||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 台湾 | ||||||||||||||||||||||||||||||||||||||
Postal | Taiwan | ||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||
ပေါ်တူဂီ: (Ilha) Formosa | |||||||||||||||||||||||||||||||||||||||
ရိုးရာ တရုတ် | 福爾摩沙 | ||||||||||||||||||||||||||||||||||||||
ရိုးရှင်းသော တရုတ် | 福尔摩沙 | ||||||||||||||||||||||||||||||||||||||
ဆိုလိုရင်း | လှပသောကျွန်း | ||||||||||||||||||||||||||||||||||||||
|
ထိုင်ဝမ်သည် ယူရိုအေးရှားကျောက်လွှာနှင့် ဖိလစ်ပိုင်ပင်လယ်ရေအောက် ကျောက်လွှာတို့ တွန်းထိုးမှုမှ ပေါ်ထွက်လာသည့် ကျွန်းဖြစ်သည်။ ပုံသဏ္ဌာန်အားဖြင့် ရှည်မြောမြော ကန်စွန်းဥပုံရှိသည်။ မြောက်ယဉ်စွန်းတန်းသည် ထိုင်ဝမ်၏ အလယ်ပိုင်းဒေသကို ဖြတ်သန်းသွားသည်။ ထိုင်ဝမ် တစ်လွှားရှိ မြေအနေအထားမှာ တောင်တန်းများဖြစ်ပြီး မြင့်မားမတ်ဆောက်သည်။ တောင်တန်းများသည် များသောအားဖြင့် အရှေ့မြောက်အရပ်မှ အနောက်တောင်အရပ်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ လွင်ပြင်များမှာ ကျဉ်းမြောင်းသည်။ မကြာခဏ မြေငလျင်လှုပ်လေ့ရှိပြီး ရေပူစမ်းနှင့် မီးသေတောင်များ ပေါများသည်။
ထိုင်ဝမ်၏ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် ရာသီဥတုမျိုးဖြစ်သည်။ နွေဦးနှင့် နွေရာသီ စပ်ကူးမတ်ကူးကာလတွင် မက်မန်းမိုး ရွာသွန်းလေ့ရှိသည်။ နွေရာသီတွင်မူ ထိုင်ဖုန်းမုန်တိုင်းဝင်တတ်ပြီး ဆောင်းရာသီတွင် အရှေ့မြောက်လေ တိုက်ခတ်လေ့ရှိသည်။ အအေးဆုံးလ၏ ပျမ်းမျှအပူချိန်မှာ ၁၄ဒီဂရီစင်တီဂရိတ် လောက်သာရှိပြီး နှစ်စဉ် ပျမ်းမျှမိုးရေချိန်မှာ ၂၅၁၀ မီလီမီတာ အထက်တွင်ရှိသည်။ မြောက်ပိုင်းဒေသတွင် တနှစ်ပတ်လုံး မိုးရွာသွန်းလေ့ရှိသော်လည်း တောင်ပိုင်းဒေသတွင်မူ နွေဥတုတွင်သာ မိုးရွာတတ်သည်။ နွေနှင့် ဆောင်းဦးရာသီများတွင် ထိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။ ရာသီဥတုနှင့် မြေမျက်နှာ အသွင်အပြင်တို့ကြောင့် ထိုင်ဝမ်တွင် အပူပိုင်းရာသီ၊ အပူလျော့ပိုင်းရာသီ၊ သမပိုင်းရာသီနှင့် အအေးပိုင်းရာသီများကို တွေ့ရှိနိုင်သည်။ ထို့ကြောင့် ထိုင်ဝမ်တွင် အမျိုးအမယ် စုံလင်ပြောကြွယ်သည့် သဘာဝရှုခင်းနှင့် သဘာဝလောကကို တွေ့မြင်နိုင်သည်။
ထိုင်ဝမ်တွင် လူဦးရေ ၂၃ သန်းခန့် ရှိသည့်အနက် ဟော်လော့လူမျိုး အများစုနေထိုင်ကြပြီး ဟတ်ကားလူမျိုး、တိုင်းရင်းသားလူမျိုးနှင့် တရုတ်နိုင်ငံ အခြားပြည်နယ်မှ လူမျိုးနွယ်စုများကိုလည်း တွေ့ရှိနိုင်သည်။ အစိုးရရုံးသုံးစာမှာ တရုတ်စာ အခက်ရေးနည်းဖြစ်ပြီး အဓိက သုံးစွဲသည့် ဘာသာစကားများမှာ ထိုင်ဝမ်စကား(မင်နန်စကား)၊ ကော်ယွီတရုတ်စကား(ရုံးသုံးတရုတ်စကား)၊ ဟတ်ကားစကားနှင့် တိုင်းရင်းသား ဘာသာစကားများ ဖြစ်ကြသည်။
အရေးပါသည့် စီးပွားရေးလုပ်ငန်းမှာ အဆင့်မြင့်နည်းပညာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ပြီး လက်ရှိတွင် နာနိုနည်းပညာ၊ အလင်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများသို့ ဦးတည် ဆောင်ရွက်လျက်ရှိသည်။ သွင်းကုန်အပိုင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အပါအဝင် စွမ်းအင်အရင်းအမြစ်များကို အဓိကတင်သွင်းပါသည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။