လက်တင်ဘာသာစကား
From Wikipedia, the free encyclopedia
လက်တင်ဘာသာစကား (Latin:lingua latīna, IPA: [ˈlɪŋɡʷa laˈtiːna])သည် အင်ဒို-ယူရိုပီယန် ဘာသာစကားများ၏ အီတာလစ်ဘာသာစကားခွဲတွင် ပါဝင်သော ရှေးရိုးဘာသာစကားတစ်ခုဖြစ်သည်။ လက်တင်အက္ခရာသည် အီထရပ်စကန်နှင့် ဂရိအက္ခရာတို့မှ ဆင်းသက်လာသည်။ လက်တင်ဘာသာစကားကို ကနဦးပြောခဲ့ကြသူများမှာ အီတလီနိုင်ငံ၊ လေရှီယမ်ဒေသ မှ ဖြစ်ကြသည်။[4]
လက်တင် | |
---|---|
lingua latīna | |
Latin inscription, in the Colosseum of Rome, Italy | |
အသံထွက် | [laˈt̪iːna] |
ဒေသခံ |
|
လူမျိုးစု | Latins |
ခေတ်ကာလ | Vulgar Latin developed into the Romance languages, 6th to 9th centuries; the formal language continued as the scholarly lingua franca of medieval Europe and Cilicia, as well as the liturgical language of the Catholic Church. |
အင်ဒို-ယူရိုပီယမ်
| |
စာအရေးအသားစနစ် | Latin alphabet |
တရားဝင် အခြေအနေ | |
ရုံးသုံး အဖြစ် အသုံးပြုမှု | Holy See |
တရားဝင် ထိန်းသိမ်းသူ |
|
ဘာသာစကားကုဒ်များ | |
ISO 639-1 | la |
ISO 639-2 | lat |
ISO 639-3 | lat |
Glottolog | impe1234 [2]lati1261 [3] |
Linguasphere | 51-AAB-aa to 51-AAB-ac |
Map indicating the greatest extent of the Roman Empire under Emperor Trajan (c. 117 AD) and the area governed by Latin speakers (dark red). Many languages other than Latin were spoken within the empire. | |
Range of the Romance languages, the modern descendants of Latin, in Europe. | |
ဤဆောင်းပါးတွင် IPA အသံထွက် သင်္ကေတများ ပါဝင်သည်။ မှန်ကန်သော ထောက်ပံ့မှုမရှိပါက ယူနီကုဒ်စာလုံးများအစား ? များ၊ လေးထောင့်ကွက်များနှင့် အခြားသင်္ကေတများ မြင်နေရနိုင်သည်။ IPA သင်္ကေတများ မိတ်ဆက်ကို Help:IPA တွင် ကြည့်ပါ။ |
လက်တင်ဘာသာစကားကို ရောမခေတ်က လက်တီယူမ် "Latium" အမည်ဖြင့်ပြောဆိုခဲ့ကြသည်။ အင်္ဂလိပ်စကားလုံးအချို့တို့သည် လက်တင်ဘာသာမှမွေးယူထားသောစကားလုံများပင်ဖြစ်ကြသည်။ ဗာတီကန်စီးတီး၏ ဘာသာစကားသည်လည်း လက်တင်ဘာသာပင်ဖြစ်သည်။
ယခုအခါတွင် လက်တင်ဘာသာစကားကို ပြောဆိုခြင်းမရှိကြသော်လည်း တက္ကသိုလ်၊ အဖွဲ့အစည်းများ၏ ဆောင်ပုဒ်များတွင် တွေ့ရပါသေးသည်။ ဂျာမဏီနိုင်ငံတွင်လည်း ဘရီးမန်းရေဒီယိုမှ လက်တင်ဘာသာဆိုင်ရာသိမှတ်ဖွယ်တို့ကို ဖြန့်ချိခဲ့သည်။[5]
လက်တင်ဘာသာဖြင့်သာရေးသားထားသော လက်တင်ဝီကီပီးဒီးယား (Vicipaedia Latina) ဟူ၍ရှိရာ ဆောင်းပါးပေါင်း ၁၃၄,၀၀၀ ကျော်ရှိသည်။[6]