လျှပ်စီး
လျှပ်စစ်မှုန်များ စီးဆင်းမှု / From Wikipedia, the free encyclopedia
လျှပ်စီး (သို့) လျှပ်စီးကြောင်း (အင်္ဂလိပ်: electric current) ဆိုသည်မှာ လျှပ်ဓာတ်တို့၏ နေရာအာကာသအတွင်း ရွေ့လျားစီဆင်းနေနှုန်းကို ဆိုလိုသည်။[1] လျှပ်ကူးပစ္စည်းများ (ဥပမာ ဝါယာကြိုးများ)အတွင်း လျှပ်မဓာတ်ဆောင် အီလက်ထရွန်များ ရွေ့လျားစီးဆင်းမှုသည် ကျွန်ုပ်တို့ အတွေ့ရအများဆုံး လျှပ်စီးများ ဖြစ်သည်။
ဟု ဖော်ပြလျှင် ဆိုသည်မှာ လျှပ်စီး၊ ဆိုသည်မှာ လျှပ်ဓာတ်ပမာဏ၊ ဆိုသည်မှာ အချိန်ပမာဏ ဖြစ်သည်။
ဝတ္တုပစ္စည်းတစ်ခု၏ ကန့်လန့်ဖြတ်ဧရိယာ (CSA ) တစ်နေရာကို တစ်စက္ကန့်အတွင်း ဖြတ်သန်းသွားသော အီလက်ထရွန် တို့အားတိုင်းတာဖော်ပြခြင်းဖြင့်လည်း လျှပ်စစ်စီးဆင်းနှုန်းကို သတ်မှတ်သည်။
လျှပ်စစ်စီးဆင်းနှုန်း တိုင်းတာသော ယူနစ်များမှာ အမ်ပီယာ (Ampere ) နှင့် အမ်ဘီယာ (Ambere) တို့ဖြစ်ပြီး ၁ အမ်ဘီယာ သည် ၁၀ အမ်ပီယာ နှင့်ညီမျှသည်။
၁ အမ်ပီယာ၏ ပမာဏကို သတ်မှတ်ရာတွင် တွက်ချက်မှုလွယ်ကူစေရန်ယူနစ်တန်ဖိုးများညှိထားသောကြောင့် လျှပ်စီးကြောင်းခုခံမှု တစ်ယူနစ် (1 Ohm) ရှိသော ပစ္စည်းတွင် လျှပ်စစ်ပိုတင်ရှယ် ခြားနားခြင်း တစ်ယူနစ် (1 Volt) သက်ရောက်စဉ် လျှပ်စီးကြောင်း တစ်ယူနစ် (1 Ampere) စီးဆင်းသည်ဟုလည်း ဆိုနိုင်သည်။
ဦးတည်ရာဖက် လားရာတဖက်တည်းသို့ စီးဆင်းသော လျှပ်စီးမျိုးနှင့် ဆန့်ကျင်ဖက်လားရာနှစ်ခုသို့ အပြန်အလှန် အစုံအဆန်စီးသော လျှပ်စီးဟူ၍ လျှပ်စစ်စီးဆင်းပုံနှစ်မျိုးရှိသည်။
မည်သည့် လျှပ်စီးကြောင်းကြောင့်ဖြစ်စေ စီးဆင်းရာဝန်းကျင်တွင် သံလိုက်စက်ကွင်း ဖြစ်ပေါ်လေ့ရှိပြီး အပူစွမ်းအင် အလင်းစွမ်းအင်များလည်း ဖြစ်ထွန်းစေနိုင်သည်။
သဘာဝအလျောက် မိုးကြိုးထစ်ခြုံးခြင်း လျှပ်စီးပျိုးပြက်လင်းလက်ခြင်းတို့သည်လည်း အီလက်ထရွန်စီးဆင်းခြင်းပင်ဖြစ်ပြီး ရှေးအခါ(၁၇၅၂ ခုနှစ်)က Benjamin Franklin သည် စွန် နှင့် သော့ လေ့လာစမ်းသပ်မှု Kite key Experiment ဖြင့်ဖော်ထုတ်ပြခဲ့ဖူးသည်။