ဟန်ဂုလ်
From Wikipedia, the free encyclopedia
ကိုရီးယားအက္ခရာကို ဟန်ဂုလ် ဟု ခေါ်ကြသည်။ ကိုရီးယားအက္ခရာကို တောင်ကိုရီးယားနိုင်ငံတွင် ဟာန်ဂုလ် ဟုခေါ်ကြသော်လည်း မြောက်ကိုရီးယားနိုင်ငံတွင်မူ ဂျိုဆွန်းဂုလ် ဟု ခေါ်ကြသည်။ ဟန်းဂုလ်သည် ကိုရီးယားဘာသာ၏ မူရင်းအက္ခရာဖြစ်သည်။[1] ၎င်းကို ၁၄၄၃ခုနှစ် ဂျိုဆွန်းမင်းဆက်အတောအတွင်း တီထွင်ခဲ့ကြပြီး ယခုအချိန်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံလုံး၏ တရားဝင်အက္ခရာအဖြစ်အသုံးပြုလျက်ရှိပြီး တရုတ်နိုင်ငံ ဂျင်းလင်းပြည်နယ်၏ ယန်ဘီယမ်ကိုရီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ရုံးသုံးစာအဖြစ်လည်း သတ်မှတ်ထားသည်။
ကိုရီးယား အက္ခရာ 한글 / 조선글 韓㐎 / 朝鮮㐎 Hangul (Hangeul) / Chosŏn'gŭl | |
---|---|
"Chosongeul" (top) and "Hangeul" | |
အမျိုးအစား | အက္ခရာ |
ဘာသာစကားများ |
|
ဖန်တီးသူ | Sejong of Joseon |
အချိန်ကာလ | ၁၄၄၃–လက်ရှိ |
ပုံနှိပ်အခြေခံ |
|
လားရာ | ဘယ်မှ ညာ |
ISO 15924 | Hang, 286
|
Unicode alias | Hangul |
ယူနီကုတ်အကွာအဝေး |
|
ဟန်းဂုတွင် သရနှင့် ဗျည်းအက္ခရာ ၂၄လုံး ရှိသည်။ ကိုရီးယားစာကို အတုံးအဝိုင်းများဖြင့် အုပ်စုဖွဲ့ရေးသားရသည်။ ဥပမာ 한 (ဟာန်)။ ထို 한 (ဟာန်) ဟူသော စာလုံးတွင် ဝဏ္ဏသံတစ်သံသာ အသံထွက်ရသဖြင့် အက္ခရာတစ်လုံးတည်းနှင့် တူသော်လည်း အမှန်စင်စစ်အားဖြင့် ထိုစာလုံးတွင် ㅎ(ဟ) ၊ ㅏ (ာ) နှင့် ㄴ (န်) ဟူသော အက္ခရာသုံးလုံးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုအတုံးအဝိုင်းများသည် အလျားလိုက်ဖြင့် ဘယ်ဘက်မှ ညာဘက် သို့မဟုတ် ဒေါင်လိုက်ဖြင့် အထက်မှ အောက်သို့ စီ၍ ရေးသားရသည်။