အင်းဆက်
From Wikipedia, the free encyclopedia
အင်းဆက် ဆိုသည်မှာ ခြင်၊ ယင်ကောင်၊ ပျားစသော ကျောရိုးမဲ့ ပိုးကောင်များကို ဆိုလိုသည်။ အင်းဆက်များသည် တိရစ္ဆာန်အုပ်စုများတွင် မူကွဲအများဆုံးဖြစ်ပြီး မျိုးစိတ်ပေါင်း ၁ သန်းထက်မက ဖော်ပြထားကာ သက်ရှိဇီဝများအားလုံး၏ ထက်ဝက်မကသော ပမာဏကို ကိုယ်စားပြုသည်။[1][2] အသစ်ပေါ်ပေါက်လာသော မျိုးစိတ်များမှာ ခန့်မှန်းခြေ ၆ သန်းမှ ၁၀ သန်းဝန်းကျင်ရှိသည်။[1][3][4] ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အင်းဆက်များဖြစ်ကြသည်။[4][5] မျိုးစိတ်အနည်းငယ်ခန့်သည် ပင်လယ်တွင်နေထိုင်ကြသော်လည်း အင်းဆက်များကို ပတ်ဝန်းကျင်အားလုံးနီးပါးတွင် တွေ့မြင်ရသည်။ အင်းဆက်အားလုံးနီးပါးသည် ဥမှ သားပေါက်ကြသည်။
အချက်တိုများ မျိုးရိုးခွဲခြားခြင်း, အုပ်စုခွဲများ ...
အင်းဆက် Temporal range: Carboniferous–Present | |
---|---|
Diversity of insects from different orders. | |
A chorus of several Magicicada species | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Arthropoda |
မျိုးပေါင်းစုသေး: | Hexapoda |
(unranked): | Ectognatha |
မျိုးပေါင်း: | Insecta Linnaeus, 1758 |
အုပ်စုခွဲများ | |
Synonyms | |
|
ပိတ်ရန်