အလက်ဇန်းဒါး ဂရိုသန်ဒိခ်
သချာ် ပညာရှင် / From Wikipedia, the free encyclopedia
အလက်ဇန်းဒါး ဂရိုသန်ဒိခ် (အင်္ဂလိပ်: Alexander Grothendieck, ဂျာမန်: [ˈɡroːtn̩diːk]; ပြင်သစ်: [ɡʁɔtɛndik]) ((1928-03-28)မတ် ၂၈၊ ၁၉၂၈ – နိုဝင်ဘာ ၁၃၊ ၂၀၁၄(2014-11-13)) သည် ဂျာမနီနိုင်ငံတွင် ဖွားမြင်သည့် ပြင်သစ်လူမျိုး သင်္ချာပညာရှင် တစ်ဦးဖြစ်ပြီး၊ မျက်မှောက်ခေတ်သုံး အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီ (algebraic geometry) ဘာသာရပ်ကို ဦးဆောင် ပျိုးထောင်ခဲ့သူတစ်ဦး ဖြစ်သည်။ သူ၏ သုတေသန လုပ်ဆောင်ချက်များကြောင့် အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီ ဘာသာရပ်နယ်ပယ်မှာ တိုးပွားကျယ်ပြန့်လာပြီး၊ ၎င်းဘာသာရပ်၏ အခြေခံအုတ်မြစ်တွင် ပတ်လည်ညီ အက္ခရာသင်္ချာ (commutative algebra)၊ ဟိုမိုလော်ဂျစ်ကယ် အက္ခရာသင်္ချာ (homological algebra)၊ ကောက်လှိုင်းစည်း သီအိုရီ (sheaf theory) နှင့် ကတ်တဂိုရီ သီအိုရီ (category theory) တို့မှ အစိတ်အပိုင်းများကို ပေါင်းစပ်သုံးစွဲနိုင်ခဲ့သည်။ ဂရိုသန်ဒိခ်၏ "နှိုင်းရ" ရှုမြင်ပုံ ("relative" perspective) သဘောတရားကြောင့်လည်း သင်္ချာသန့်သန့် ဘာသာရပ်နယ်ပယ် အများအပြားတွင် တဟုန်ထိုး တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာဘာသာသို့ ပြန်ဆိုခြင်းနှင့် စပ်လျဉ်း၍ |
---|
လက်ရှိစာမျက်နှာကို ဂူဂယ်ဘာသာပြန် (Google Translate) သုံး၍ မြန်မာဘာသာသို့ ပြန်ဆိုကြည့်နိုင်သည်။ Alexander Grothendieck ကိုလည်း ဂူဂယ်ဘာသာပြန် ကြည့်နိုင်သည်။သို့သော် ၎င်းဘာသာပြန်များကို အတည်မယူပါနှင့်၊ အမှားများစွာ ပါလေ့ရှိသောကြောင့်ဖြစ်သည်။ သေချာစိစစ်၍ ကြိုးစားပြုပြင်ပြီးမှ ဘာသာပြန်ရေးသားရန် ဖြစ်သည်။ ဘာသာပြန်ပြီးပါကဤဆောင်းပါး၏ ဆွေးနွေးချက်စာမျက်နှာတွင် {{Translated page|en|Alexander Grothendieck}} ဟူ၍ ရေးထည့်ပါ။ ထို့အပြင် ဤ {{Translation incomplete}} တမ်းပလိတ်ကို ဤစာမျက်နှာမှ ဖျက်ပစ်ရန် မမေ့ပါနှင့်။ |
ဤဆောင်းပါးကို အင်္ဂလိပ် ဝီကီပီးဒီးယား ရှိ Alexander Grothendieck အား တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ မှီငြမ်း၍ မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
အလက်ဇန်းဒါး ဂရိုသန်ဒိခ် | |
---|---|
မွန်ထရီအော (Montreal) ရောက် အလက်ဇန်းဒါး ဂရိုသန်ဒိခ်၊ ၁၉၇၀ | |
မွေးဖွား | (1928-03-28)မတ် ၂၈၊ ၁၉၂၈[1] ဘာလင် (Berlin)၊ ပရပ်ရှား (Prussia)၊ ဂျာမနီ (Germany)[1] |
ဆုံးပါး | နိုဝင်ဘာ ၁၃၊ ၂၀၁၄(2014-11-13) (အသက် ၈၆)[2] စန်လီဇီရယ် (Saint-Lizier)၊ ပြင်သစ် (France)[3] |
နိုင်ငံလူမျိုး | နိုင်ငံမဲ့ (none)[4] ပြင်သစ် (French)[5] |
နယ်ပယ် | သင်္ချာ[6] |
အဖွဲ့အစည်းဌာန | အဆင့်မြင့် သိပ္ပံလေ့လာရေး ဌာန (Institut des Hautes Études Scientifiques (IHÉS))[7] မွန့်ပယ်လီရေ တက္ကသိုလ် (University of Montpellier)[8] |
မိခင်ကျောင်း | မွန့်ပယ်လီရေ တက္ကသိုလ်[9] နန်စီ တက္ကသိုလ် (University of Nancy)[10] |
ဘွဲ့ယူစာတမ်း | Produits tensoriels topologiques et espaces nucleaires[11] (၁၉၅၃[10]) |
ပါရဂူဘွဲ့ ကြီးကြပ်သူများ | လောဟန် ရွှ (Laurent Schwartz)[10] ရောန် ဒေဒိုနီ (Jean Dieudonné)[10] |
ပါရဂူဘွဲ့ယူ တပည့်များ | ဖြဲ ဗြသူလူ (Pierre Berthelot)[10] ကားလို့စ် ကွန်တိုး-ကရဲရေ (Carlos Contou-Carrere)[10] ဖြဲ ဒဲလိည (Pierre Deligne)[10] မီရှဲလ် ဒဲမဇူ (Michel Demazure)[10] ဖြဲ ဂဲဘိရယ် (Pierre Gabriel)[10] ရောန် ရီးဟို (Jean Giraud)[10] လုခ် အီလူစီ (Luc Illusie)[10] မီရှဲလ် ရေးနူ (Michel Raynaud)[10] ရောန်-လူဝီ ဗာ့ဒီ (Jean-Louis Verdier)[10] |
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | ၁၉၆၆ ဖီး ဆုတံဆိပ် (Fields Medal)[12] ၁၉၈၈ ခရက်ဖော့ဒ်ဆု (Crafoord Prize) (ဆုလက်မခံ)[13] |
ဂရိုသန်ဒိခ်ကို ဂျာမနီနိုင်ငံတွင် ဖွားမြင်ခဲ့သော်လည်း သူသည် ပြင်သစ်နိုင်ငံတွင် ကြီးပြင်းခဲ့ပြီး၊ ပြင်သစ်နိုင်ငံတွင်သာ အဓိက နေထိုင်ခဲ့သည်။ သို့သော် သူ၏ အလုပ်ဘဝ တလျောက်လုံးနီးပါးတွင် မည်သည့်နိုင်ငံ၏ နိုင်ငံသားမှ မဟုတ်ဘဲ နိုင်ငံမဲ့ (stateless) တစ်ဦးအဖြစ် လက်တွေ့နေထိုင်ခဲ့သည်။ သူသည် သူ၏ပထမနာမည် "အလက်ဇန်းဒါး" အား (ပြင်သစ်လူမျိုးများ သုံးလေ့ရှိသည့် စာလုံးပေါင်းအတိုင်း) "Alexandre" ဟု မပေါင်းဘဲ "Alexander" ဟုသာ အမြဲ ရေးတတ်ပြီး၊ မျိုးရိုးအမည်မှာလည်း သူ့မိခင်ဘက်မှ ဒတ်ချ် (Dutch) ဆန်သည့် မြေနိမ့်ဂျာမန် (Low German) အမည် "ဂရိုသန်ဒိခ်" ကို ယူထားခြင်းဖြစ်ရာ သူ့ကို ဒတ်ချ်ဇာတိဟု တခါတရံ ထင်မှတ်မှားတတ်ကြသည်။
ဂရိုသန်ဒိခ်သည် သူ၏ အောင်မြင်ကျော်ကြားလှသည့် သင်္ချာပညာရှင်ဘဝကို ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သည်။ သူသည် ၁၉၅၈ ခုနှစ်တွင် အဆင့်မြင့် သိပ္ပံလေ့လာရေး ဌာန (Institut des Hautes Études Scientifiques (IHÉS)) ၌ သုတေသန ပါမောက္ခအဖြစ် ခန့်အပ်ခြင်းခံရပြီး၊ ထိုဌာနတွင်ပင် ၁၉၇၀ ခုနှစ်အထိ ဆက်လက်လုပ်ကိုင်ခဲ့သည်။ သို့သော် ၎င်းဌာန၏ စစ်ဘက်နှင့် မကင်းသည့် ထောက်ပံ့ငွေကိစ္စ အငြင်းပွားမှု ဖြစ်ပြီးနောက်တွင် ကိုယ်ရေးကိုယ်တာနှင့် နိုင်ငံရေး ယုံကြည်ချက်များကြောင့် အလုပ်ထွက်ခဲ့သည်။ နောက်ပိုင်းတွင် မွန့်ပယ်လီရေ တက္ကသိုလ် (University of Montpellier) ၌ ပါမောက္ခလုပ်ခဲ့ပြီး သင်္ချာအလုပ်အချို့ကို တစ်ကိုယ်ရေ လုပ်ဆောင်ခဲ့သည်မှ အပ၊ သူသည် သင်္ချာအသိုင်းအဝိုင်းကို ဖယ်ကြဉ်၍ နိုင်ငံရေးကိစ္စများတွင်သာ နှစ်မြှုပ်နေထိုင်ခဲ့သည်။ ဂရိုသန်ဒိခ်သည် ၁၉၈၈ ခုနှစ်၌ တရားဝင် အငြိမ်းစားယူပြီး၊ မကြာမီပင် ပီးရနေ (Pyrenees) တောင်တန်းဒေသသို့ ပြောင်းရွှေ့၍ တစ်ကိုယ်တည်း နေထိုင်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ကွယ်လွန်သည်အထိ ဖြစ်သည်။