အာဖရိက
တိုက်ကြီးတစ်ခု / From Wikipedia, the free encyclopedia
အာဖရိက သည် ကမ္ဘာပေါ်တွင် အာရှတိုက် ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးနှင့် ဒုတိယမြောက် လူဦးရေအများဆုံး တိုက်ကြီးဖြစ်သည်။ ကျွန်းများကိုပါ ထည့်တွက်လျှင် အကျယ်အဝန်း အားဖြင့် ၃၀.၂ သန်း စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၁၁.၇ သန်း) မျှ ကျယ်ဝန်းပြီး ကမ္ဘာ့မျက်နှာပြင် စုစုပေါင်း၏ ၆ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်းမြေ စုစုပေါင်း၏ ၂၀.၄ ရာခိုင်နှုန်းကို နေရာယူထားသည်။ ၂၀၀၉ ခုနှစ် စာရင်းအရ နယ်မြေပေါင်း ၆၁ ခုတွင် လူဦးရေ ၁ ဘီလီယံမျှ ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၄.၇၂ ရာခိုင်နှုန်းမျှ ရှိသည်။
ဧရိယာ | ၃၀,၃၇၀,၀၀၀ km2 (၁၁,၇၃၀,၀၀၀ sq mi), 2nd |
---|---|
လူဦးရေ | ၁,၂၂၅,၀၈၀,၅၁၀[1] (၂၀၁၆, 2nd) |
လူဦးရေ သိပ်သည်းမှု | ၃၆.၄/km2 (၉၄/sq mi) |
GDP (nominal) | US$ ၃.၃ ထရီလီယံ (၂၀၁၇, ပဉ္စမ) |
Demonym | African |
နိုင်ငံများ | ၅၄ (နှင့် အငြင်းပွား ၂ ခု) |
အမှီအခိုနယ်မြေများ | ပြင်ပ (၃)
အတွင်း (၄)
|
ဘာသာစကားများ | တိုင်းရင်းသား ဘာသာစကား၁၂၅၀–၃၀၀၀ ခန့် |
အချိန်ဇုန်များ | UTC-1 မှ UTC+4 |
အကြီးဆုံးမြို့များ | အာဖရိကတိုက်ရှိ မြို့များ စာရင်း လာဂို့စ်မြို့ ကိုင်ရိုမြို့ ကင်ရှာဆာမြို့ ဂျိုဟန္နက်စဗတ်မြို့ ခါတွမ်းမြို့ ဒါအက်စ် ဆယ်လန်းမြို့ အလက်ဇန္ဒရီးယားမြို့ Abidjan အယ်လဂျီးယားမြို့ ကနိုမြို့ ကာဆာဘလန်ကာမြို့ အိုင်ဘာဒန်မြို့ နိုင်ရိုဘီမြို့ အာဒစ် အာဘာဘာမြို့ အဘူဂျာမြို့ အက်ခရာမြို့ |
အာဖရိကတိုက်ကို မြောက်ဘက်တွင် မြေထဲပင်လယ်၊ အရှေ့မြောက်ဘက် ဆီနိုင်း ကျွန်းဆွယ် တလျှောက်တွင် ဆူးအက်တူးမြောင်း နှင့် ပင်လယ်နီ၊ အရှေ့တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာတို့က ဝန်းရံထားသည်။ အာဖရိကတိုက်တွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံပေါင်း ၅၄ နိုင်ငံ ရှိပြီး မဒါဂတ်စကား နှင့် အခြား ကျွန်းများလည်း ပါဝင်သည်။
အာဖရိကတိုက်ကို သိပ္ပံပညာဆိုင်ရာ အသိုင်းအဝိုင်းက လူသားတို့ အစပြုရာ ဒေသအဖြစ် မှတ်ယူကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇ သန်းခန့်က လူဝံကြီးများ နှင့် သက်ဆိုင်သော အထောက်အထားကို အာဖရိကတွင် တွေ့ရှိရပြီး လွန်ခဲ့သော နှစ်ပေါင်း ၂ သိန်းကျော်က ဖြစ်ပေါ်ခဲ့သော အစောဆုံး လူသား၏ အထောက်အထားကို အီသီယိုးပီးယားနိုင်ငံ နေရာတွင် တွေ့ရှိရသည်။
အာဖရိကသည် အီကွေတာကို ခွလျှက် တည်ရှိပြီး ရာသီဥတု အမျိုးစုံ ရှိသည်။ မြောက်ကမ္ဘာလုံးခြမ်းရာသီဥတု မှ တောင်ကမ္ဘာလုံးခြမ်း ရာသီဥတုသို့ ဖြန့်ကျက်တည်ရှိနေသော တစ်ခုတည်းသော တိုက်ဖြစ်သည်။ အာဖရိကတိုက်၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၀ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ၅.၅ ရာခိုင်နှုန်း ဖြစ်သည်။