ထားဝယ်စကား
မြန်မာနိုင်ငံတွင်ပြောဆိုသော ဒေသိယစကား / From Wikipedia, the free encyclopedia
ထားဝယ်စကားသည် ဒေသန္တရမြန်မာစကားပင်ဖြစ်သည့်အပြင် ဘာသာဗေဒပညာရှင်အများစုက မူလစံဘာသာစကားဖြစ်သည့် မြန်မာဘာသာစကားနှင့်အသွင်အနည်းအငယ်ကွဲပြားသည့် "ဒေသိယမြန်မာစကား" ဟူ၍လည်းခေါ်ဆိုကြသည်။ ထားဝယ်ဒေသိယစကားကိုခွဲခြမ်းစိတ်ဖြာ၍သုတေသနပြုကြည့်သော်
အချက်တိုများ ထားဝယ်စကား, ဒေသ ...
ထားဝယ်စကား | |
---|---|
ဒေသ | အရှေ့တောင် |
လူမျိုးစု | incl. တောင်ရိုး |
ဒေသခံ ပြောဆိုသူများ | ca. 440,000 (2000)[1] |
ဘာသာစကားကုဒ်များ | |
ISO 639-3 | Either: tvn – Tavoyan proper tco – Dawei Tavoyan (Taungyo) |
Glottolog | tavo1242 Tavoyan[2]taun1248 Taungyo[3] |
ပိတ်ရန်
၁။ပေါရာဏကထာအသုံးအနှုန်း ၅% ၂။သန္ဓိစပ်စသောစကား ၂၀% ၃။စံဘာသာနှင့် အသုံးအနှုန်းကွဲပြားသော်လည်း စံဘာသာစကား၏လေသံအတိုင်းသာ အသံထွက်သည့် အသုံးအနှုန်း ၅၀% ၄။မူလစံဘာသာစကား ၁၀% ၅။တိုင်းရင်းစကားနှင့်မွေးစားစကား ၅% ၆။အသံဖလှယ်ထားသည့် စံဘာသာစကား ၁၀% ဟူ၍တွေ့ရပေသည်။ ထို့ကြောင့် ထားဝယ်စကားသည် ဒေသိယစကားတစ်ခုသာဖြစ်၍ သီးသန့်ရပ်တည်နေသောစံဘာသာစကားတစ်ခုမဟုတ်ပေ။မြန်မာဘာသာစကား၏ကိုင်းခွဲဘာသာ(သို့မဟုတ်)အသွင်ကွဲဘာသာစကားတစ်ခုသာဖြစ်သည်။
နောက်ထပ် အချက်အလက်များ မြန်မာစကား, ထားဝယ်စကား ...
မြန်မာစကား | ထားဝယ်စကား | IPA | မှတ်ချက် |
---|---|---|---|
ကောက် | ကော့တ် | /kɔʔ/ | စာလုံးပေါင်းတူ အသံထွက်ကွာ |
ကျောင်း | က္လောန်း | /kláʊɴ/ | |
ခြေ | ခေ | /kʰlè/ | |
တောတောင် | တောတောန် | /tɔ́tɔ̀ɴ/ | စာလုံးပေါင်းတူ အသံထွက်ကွာ |
ပိတောက် | ဒေါ့တ် | /dɔʔ/ | |
ပိတောက်ပင် | ဒေါ့တ်ပန် | /dɔʔ bàɴ/ | |
မနက်ဖြန် | နန့်ကီးဟ်တိုင် | /naʔkítàɴ/ | |
သဘက်ခါ | နန့်ကီးပွဲခါ(နန့်ကီးဖတ်) | /naʔkípwɛ́kʰà/ | |
နင် | နန် | /nàɴ/ | စာလုံးပေါင်းတူ အသံထွက်ကွာ |
ပန်းပင် | ပန်းဘန် | /páɴbàɴ/ | |
ပျောက် | ပျော့တ် | /pjɔʔ/ | |
မိုးရွာ | မိုးဝါ | /mójwà/ | |
သွား | သွား | /θɔ́/ | စာလုံးပေါင်းတူ အသံထွက်ကွာ |
အိပ်ချင်တယ် | အိရှင်ဟှယ် | /ʔḭʃàɴjɛ̀/ | |
အိမ်ခေါင်မိုး | အီးမိုးခေါန် | /ʔìːɴmókʰɔ̀ɴɴ/ |
ပိတ်ရန်